ကချင် စစ်ပွဲ ရပ်ဖို့ ၈၈ ကျောင်းသားတွေ လမ်းစရှာ

  • 11 ဇူလိုင် 2012
Kachin Refugees ဓာတ်ပုံ မူပိုင် AFP Getty
Image caption ကချင်ပြည်က စစ်ပွဲတွေရဲ့ ဒဏ် ခံစားကြရ သူတွေ ထဲမှာ ကလေးငယ် တွေလည်း ပါ

ကချင် ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်စဲရေး အတွက် ၈၈ မျိုးဆက် ကျောင်းသား တွေက ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့နဲ့ရော ပြည်ထေင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း အဖွဲ့ ဒုတိယ ဥက္ကဌ ဦးအောင်မင်း နဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

ကချင် ပြည်နယ်မှာ လက်ရှိ ဖြစ်နေတဲ့ စစ်ပွဲတွေ တကယ်တန်း ရပ်စဲဖို့ ရာ အဓိက အတား အဆီးက နှစ်ဘက် စစ်တပ်တွေ သိက္ခာ ရှိရှိ ရွေ့ပြောင်း ရေးပဲ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ကိုမြအေးက ပြော ပါတယ်။

အဲဒီ အချက်ကို ဖြေရှင်းနိုင်မယ် ဆိုရင် ကျန်တာတွေက သူ့ အလိုလို လမ်းပွင့် သွားနိုင်တယ်လို့ ကိုမြအေးက ယူဆ ပါတယ်။

ကိုမြအေးနဲ့ ၈၈ ကျောင်းသား တချို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကေအိုင်အို ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ် ဂွမ်မော်နဲ့ ဦးလနန် တို့ကို ကေအိုင်အို ဌာနချုပ် ရှိရာ လိုင်ဇာမှာ သွားရောက် တွေ့ဆုံပြီး ဇူလိုင်လ ၁၀ ရက်နေ့ ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းအဖွဲ့ ဒုတိယ ဥက္ကဌ ဦးအောင်မင်းကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံခဲ့ ပါတယ်။

နှစ်ဘက် စလုံးက စစ်ဖြစ်ချင်တဲ့ ဆန္ဒ မရှိကြဘူးလို့ ကိုမြအေးက သုံးသပ် ပါတယ်။

နိုင်ငံရေး ပဋိ ပက္ခကြောင့် ဖြစ်လာ ရတဲ့ စစ်ပွဲတွေကို ဖြေရှင်း နိုင်ဖို့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဆက်လုပ် သွားရလိမ့်မယ်လို့ လည်း ကိုမြအေးက ဘီဘီစီကို ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ