အမေရိကန် သံအမတ် မြန်မာပြည် ရောက်ပြီ

  • 11 ဇူလိုင် 2012
Derek Mitchell and U Thein Sein ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် သစ်နဲ့ သမ္မတ

နှစ်ပေါင်း ၂၀ ကျော် အတွင်း ပထမဆုံး မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံ အမတ်ကြီးက သူ့ရဲ့ သံ အမတ် ခန့်အပ်လွှာကို သမ္မတ ဦးသိန်းစိန်ဆီ ဇူလိုင်လ ၁၁ ရက်နေ့က ပေးအပ်ခဲ့ ပါတယ်။

အမေရိကန် သံအမတ်သစ် ဒဲရက် မစ်ချဲလ် Derek Mitchell က နေပြည်တော်ကို သွားရောက် ပေးအပ်ခဲ့ တာပါ။

နှစ်ပေါင်း ၅၀ နီးပါး စစ်တပ်ရဲ့ အုပ်ချုပ်မှု အဆုံးသတ်ခဲ့ ပြီးတဲ့နောက် ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာ နိုင်ငံနဲ့ ပိုမို ပူးပေါင်း ဆောင်ရွက် မယ်လို့ အမေရိကန် ပြည်ထောင်စုက ကတိပြုခဲ့ ပါတယ်။

တခါ အမေရိကန် ကုမ္ပဏီကြီးတွေက မြန်မာ နိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှု တွေနဲ့ သက်ဆိုင်တဲ့ ပိတ်ဆို့ အရေးယူမှု တွေကို မကြာခင်မှာ အမေရိကန် ဘက်က လျှော့ပေါ့ ပေးလိမ့်မယ် လို့လည်း မျှော်လင့် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ