လယ်သမား လှုပ်ရှားမှုစတင်

  • 12 ဇူလိုင် 2012
bbc_rice_field2 ဓာတ်ပုံ မူပိုင် bbc
Image caption လယ်ကွင်းတွင်း လယ်သမားပြန်ဆင်း

မိတ္ထီလာ မြို့နယ်တွင်းရှိ သာစည်၊ မလှိုင် နဲ့ ဝမ်းတွင်း မြို့နယ်တွင်း က ကျေးရွာတွေ မှာ လယ်မြေအသိမ်းခံ ထားရတဲ့ လယ်သမားတွေ ဟာ လျော်ကြေး လည်း မရ၊ လယ်မြေ ပြန်ရရှိရေး အတွက် အာဏာပိုင် အဆင့်ဆင့် တိုင်ကြားပေမယ့်လည်း အကြောင်းမထူးတဲ့ အတွက် မူလ သူတို့ပိုင် လယ်မြေ တွေမှာ ကိုယ့်သဘော နဲ့ ကိုယ် ဝင်ရောက်ထွန်ယက်တဲ့ လှုပ်ရှားမှု စတင်လိုက်ပါပြီ။

ရန်ကုန် မန္တလေး အမြန်လမ်းမကြီး စီမံကိန်းဆိုပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန က သိမ်းထားတဲ့ လယ်မြေ၊ အစိုးရ နဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေက သိမ်းထားတဲ့ လယ်မြေ၊ တန်ဖိုးနည်း အိမ်ယာ ဆိုပြီး သိမ်းခံထားရတဲ့ လယ်မြေ တွေ ကို ထွန်တုံး တိုက်ပွဲ ဆိုပြီး လယ်သမားတွေ က သူတို့ပိုင် လယ်တွေ မှာ ပြန်ထွန်ကြတာပါ။

ဒီကိစ္စ နဲ့ ပတ်သက်ပြီး မိတ္ထီလာမြို့က လူ့အခွင့်အရေး လုပ်ဆောင်သူတွေ ဖွဲ့စည်းထားတဲ့ ပြည်သူ့ အကျိုးဆောင် ကွန်ယက် အသင်းကလည်း ဉီးဆောင် ကူညီပေးနေပါတယ်။

အထက်ပါ တောင်သူတွေ ရဲ့ လှုပ်ရှားမှု ကို မလှိုင်နဲ့ ဝမ်းတွင်းက နယ်မြေခံရဲတွေနဲ့ မြေစါရင်း ရုံးဝန်ထမ်းတွေက လာရောက် မှတ်တမ်းတင်မှု ပြုလုပ်တာက လွဲပြီး တခြားတားဆီးတာတွေ မရှိခဲ့ပါဘူး၊ လယ်သိမ်းခံရတဲ့ လယ်သမားတွေ ဘက် ကလည်း ဒီလှုပ်ရှားမှု ကို သုံးရက်ဆက်တိုက် လုပ်သွားမယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ