စစ်ခေါင်းဆောင် သတင်းကြောင့် သတိပေး ခံရ

  • 13 ဇူလိုင် 2012
journal ဓာတ်ပုံ မူပိုင် AP
Image caption ဖွံ့ဖြိုးစ မြန်မာ ဂျာနယ် လောက

စာနယ်ဇင်း လွတ်လပ်ခွင့် ပြုပြင်ရေး လုပ်နေတယ်လို့ အစိုးရ ပြောနေချိန် မှာ စစ်ခေါင်း ဆောင်ဟောင်း ဒုတိယ ဗိုလ်ချုပ် မှူးကြီး မောင်အေး သတင်း ဖော်ပြတဲ့ ရန်ကုန်တိုင်းမ်နဲ့ ဗီးနပ်စ် ဂျာနယ် တွေကို စိစစ်ရေးက သတိပေး လိုက်ပါတယ်။

နောက်နောင် စည်းကမ်း ဖောက်ဖျက်ရင် ဂျာနယ် ပိတ်တဲ့အထိ အရေးယူမယ် ပြောပြီး လက်မှတ် ထိုးခိုင်း ခဲ့တာပါ။

ရန်ကုန်တိုင်းမ် ဂျာနယ် ထုတ်တဲ့ ရန်ကုန်မီဒီယာ အုပ်စု ဥက္ကဋ္ဌ ဦးကိုကို (စက်မှုတက္ကသိုလ်) ကတော့ သတင်း မထည့်ဖို့ တားတဲ့ကြားက ထည့်မိလို့ ခေါ် သတိပေး ခံရတာ လို့ ဆိုပါတယ်။

တခြား ဂျာနယ်တွေ ပါလာပေမယ့် ခွင့်ပြုချက် ရမရ မသိရဘဲ သူတို့က အစောဆုံး ဖော်ပြ ခဲ့တာပါ။

ရခိုင် အဓိကရုဏ်း ပေါ်လာလို့ စာနယ်ဇင်း ကောင်စီ ပေါ်လာချိန်ထိ စိစစ်ရေးက ဆက်ထိန်းသွား အုံးမယ် ထင်တယ်လို့လဲ သုံးသပ် ပြောဆို ပါတယ်။