မြန်မာအပေါ် ပိတ်ဆို့မှုတွေ အမေရိကန် လျှော့ပေါ့

  • 12 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Getty
Image caption မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်တွေ စိတ်ဝင်စားနေကြ

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ထောက်ခံအားပေးကြောင်း ပြသတဲ့ အနေနဲ့ အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ပေါ့ပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ရှေးရှုတဲ့ တိုးတက် ဖြစ်ထွန်းမှုတွေ သိသိသာသာ ရှိလာနေပြီ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေ လုပ်ဖို့ အမေရိကန် စီးပွားရေးကုမ္ပဏီတွေကို ခွင့်ပြုတော့မယ် ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက ပြောပါတယ်။

ဒါပေမယ့်လည်း မြန်မာစစ်တပ်နဲ့တော့ စီးပွားရေး လုပ်ငန်းတွေ လုပ်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်အောင် ဒါမှမဟုတ် တိုင်းရင်းသားတွေအကြား သွေးကွဲအောင် လှုံ့ဆော်ပေးသူတွေအပေါ် ဒဏ်ခတ်အရေးယူမှုတွေ တိုးလုပ်မယ်လို့ သမ္မတ အိုဘားမားက သတိပေး ပြောကြားလိုက်ပါတယ်။

တခါ နှစ်ပေါင်း ၂၀ကျော်ကြာအတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ မစ္စတာ Derek Mitchell မြန်မာနိုင်ငံကို မနေ့က ရောက်ရှိလာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ