General Electric မြန်မာပြည် ရောက်ပြီ

  • 15 ဇူလိုင် 2012
general electric ဓာတ်ပုံ မူပိုင် AFP
Image caption GE ကုမ္ပဏီ ရန်ကုန်မြို့မှာ လက်မှတ်ရေးထိုး

အမေရိကန် က မြန်မာ နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ မှုတွေကို လျှော့ပေါ့ ပေးလိုက်ပြီး ရက်ပိုင်း အကြာမှာပဲ အမေရိကန် ကုမ္ပဏီ ကြီးတွေထဲက ပထမဆုံး မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့အတွက် General Electric ကုမ္ပဏီကြီး ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ်။

ရန်ကုန်မြို့က ဆေးရုံကြီး ၂ခုမှာ သုံးစွဲဖို့ ဆေးရုံ စက်ပစ္စည်း တွေကို ထောက်ပံ့ပေးသွား ဖို့အတွက် စနေနေ့က သဘောတူ စာချုပ်တွေ လက်မှတ် ရေးထိုး ခဲ့ကြပါတယ်။ ဒီ လက်မှတ် ရေးထိုး ပွဲကို မကြာခင် က သံအမတ် တာဝန်တွေကို စတင် ထမ်းဆောင် နေပြီ ဖြစ်တဲ့ အမေရိကန် သံအမတ် ဒဲရက် မစ်ချယ်လ် လည်း တက်ရောက် ခဲ့ပါတယ်။

သဘောတူညီ ချက်အရ အမေရိကန် ဒေါ်လာ ၂ သန်း တန်ဖိုးရှိတဲ့ ဓာတ်မှန် ရိုက်စက် တွေကို ပံ့ပိုး ပေးသွား မှာဖြစ်ပါတယ်။

သောကြာနေ့က ကမ္ဘောဒီးယား နိုင်ငံက ဆီရမ်ရိ မှာ မြန်မာ သမ္မတ ဉီးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်တို့ တွေ့ဆုံ ခဲ့ကြအပြီးမှာ သူတို့နှစ်ဉီးဟာ အမေရိကန် ကုမ္ပဏီ ကြီးတွေ ဖြစ်ကြတဲ့ Coco Cola၊ Ford Motor Co.၊ Geneal Electric၊ General Motors၊ Goldman Sachs နဲ့ Google စတဲ့ အမေရိကန် ကုမ္ပဏီကြီးတွေက ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

မစ္စစ် ကလင်တန်ကလည်း ဒီသတင်းပတ် အကုန်ပိုင်းမှာ အမေရိကန် အရာရှိတွေက ကုမ္ပဏီပေါင်း ၇၀ က ကိုယ်စားလှယ် တွေကို မြန်မာ အရာရှိ တွေနဲ့ တွေ့ဆုံဖို့နဲ့ မြန်မာ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလန်း တွေရှာဖွေဖို့အတွက် မြန်မာ နိုင်ငံကို ခေါ်ဆောင်သွား မှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ