အာဇာနည်နေ့ကို ဘယ်လို ဂုဏ်ပြုသင့်သလဲ

  • 15 ဇူလိုင် 2012
General Aung San
Image caption မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း

ဒီနှစ်မှာ ကျရောက်မယ့် ဇူလိုင် ၁၉ ဟာ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ ၆၅ နှစ် မြောက် အာဇာနည်နေ့ ဖြစ်ပါတယ်။ ဒီနေ့ဟာ မြန်မာ့နိုင်ငံရေး သမိုင်းမှာ ဘယ်လောက် အရေးကြီးပါသလဲ။ နှစ်ပေါင်းများစွာ မှေးမှိန်ခဲ့ရတဲ့ နေ့တနေ့မို့ ဒီခေတ်မှာ ဘယ်လို ဂုဏ်ပြုသင့်ပါသလဲ။ ဇူလိုင် ၁၈၊ ဗုဒ္ဓဟူးညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင်တွေ ပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ပါဝင်ဆွေးနွေးလိုတဲ့ သောတရှင်တွေ ဘီဘီစီရဲ့ အသံသွင်း တယ်လီဖုန်း နံပါတ် ၀၀၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကို ဆက်သွယ် အသံသွင်း ပြောထားခဲ့ နိုင်သလို ဘီဘီစီရဲ့ အီးမေးလ်ဖြစ်တဲ့ Burmese@bbc.co.uk ကိုလည်း တင်ကြို ဆက်သွယ်နိုင်ပါတယ်။ မိမိရဲ့ တယ်လီဖုန်း နံပါတ်နဲ့ လက်ရှိ နေထိုင်နေတဲ့ တိုင်းနိုင်ငံကို ပြောမယ် ဆိုရင်လည်း ဘီဘီစီက ပြန်ဆက်သွယ်မှာ ဖြစ်ပါတယ်။