ရန်ကုန်မှာ လယ်သမားတွေ ဆန္ဒပြ

  • 15 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AP
Image caption လယ်သမား ၂၀ဝ နီးပါးလောက် ပြည်လမ်း အတိုင်း ချီတက်ပြီး ဆန္ဒပြခဲ့ကြပါတယ်

မြန်မာ အစိုးရသစ်ရဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေထွက် အပြီး တပတ်အတွင်း မှာပဲ ပထမဆုံး အကြိမ် ခွင့်ပြုချက်ရတဲ့ ဆန္ဒပြပွဲ တခု တနင်္ဂနွေနေ့ မနက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ ပါတယ်။

ရန်ကုန်တိုင်း အတွင်းမှာ ရှိတဲ့ လယ်သိမ်းခံခဲ့ရတဲ့ လယ်သမားတွေက သူတို့ရဲ့ နစ်နာမှုတွေ အကြောင်း သက်ဆိုင်ရာကို တိုင်ကြားထား ပေမယ့် အရေးတယူ ဆောင်ရွက်မပေးလို့ ဆိုပြီး လယ်သမား ၂၀ဝ နီးပါးက ထောက်ကြံ့မှာ ရှိတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီရုံး ကနေ ပြည်လမ်း အတိုင်း ချီတက်ပြီး ပဲခူးအ ထွက်လမ်းပေါ်က မြနန္ဒာ ပန်းခြံမှာ ဆန္ဒပြခဲ့ ကြပါတယ်။

ဆန္ဒပြရခြင်း အဓိက အကြောင်းရင်းကတော့ မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးက ဒီအမှုနဲ့ ပတ်သက်တဲ့ အယူခံတွေကို လက်မခံတဲ့ အတွက် ဒါကို ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြရာတာ ဖြစ်ကြောင်း ဒီဆန္ဒပြပွဲကို ဦးဆောင်တဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက ဘီဘီစီကို ပြောပါတယ်။

လယ်သိမ်းခံခဲ့ရတဲ့ ရန်ကုန်တိုင်း တမြို့နယ်ချင်းစီက ကိစ္စတွေကို ဖေါ်ထုတ် ပြောကြားခဲ့တယ် လို့လည်း ဦးနေမျိုးဝေက ပြောပါတယ်။

ရဲ အယောက် ၂၀ လောက်က ဆန္ဒပြပွဲကို လုံခြုံရေး လိုက်ယူပေး ပေမယ့်လည်း၊ ဆန္ဒပြပွဲ အတွက် အချိန် ၂ နာရီပဲ ခွင့်ပြုချက် ရတာကြောင့် အပြေးအလွှား လုပ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ