မြန်မာနိုင်ငံမှာ မျှော်လင့်တာထက် ပိုပွင့်လင်း

  • 15 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AP
Image caption ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချဲလ်လည်း တက်ရောက်ခဲ့

မြန်မာနိုင်ငံဟာ မျှော်လင့် ထားတာထက် ပိုပြီး ပွင့်လင်း လာတာကို တွေ့ရတဲ့ အတွက် ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတာ ဖြစ်တယ်လို့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေက ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့မှာ တနင်္ဂနွေနေ့က ကျင်းတဲ့ အာဆီယံ အမေရိကန် စီးပွားရေး ကောင်စီက ကိုယ်စားလှယ် တွေနဲ့ မြန်မာအစိုးရ အရာရှိကြီးတွေ တွေ့ဆုံပွဲမှာ အမေရိကန် လုပ်ငန်းရှင်တွေက အခုလို ပြောကြားလိုက်တာ ဖြစ်တယ်လို့ အဲဒီ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာအဖွဲ့ဝင် တဦးက ဘီဘီစီ ကိုပြောပါတယ်။

အဲဒီ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ စက်မှုဝန်ကြီး ဦးစိုးသိန်းနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်မစ်ချဲလ်တို့ တက်ရောက်ခဲ့ ပါတယ်။

အမေရိကန် လုပ်ငန်းရှင်ကြီးတွေဟာ တနင်္လာနေ့မှာတော့ မြန်မာနိုင်ငံ ကုန်သည်နဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းဝင်တွေနဲ့ တွေ့ဆုံကြဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ