BBC navigation

မြန်မာနိုင်ငံမှာ မျှော်လင့်တာထက် ပိုပွင့်လင်း

နောက်ဆုံး ရေးသားချိန် 15 ဇူလိုင်လ 2012 - 15:23 GMT

ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချဲလ်လည်း တက်ရောက်ခဲ့

မြန်မာနိုင်ငံဟာ မျှော်လင့် ထားတာထက် ပိုပြီး ပွင့်လင်း လာတာကို တွေ့ရတဲ့ အတွက် ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတာ ဖြစ်တယ်လို့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေက ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့မှာ တနင်္ဂနွေနေ့က ကျင်းတဲ့ အာဆီယံ အမေရိကန် စီးပွားရေး ကောင်စီက ကိုယ်စားလှယ် တွေနဲ့ မြန်မာအစိုးရ အရာရှိကြီးတွေ တွေ့ဆုံပွဲမှာ အမေရိကန် လုပ်ငန်းရှင်တွေက အခုလို ပြောကြားလိုက်တာ ဖြစ်တယ်လို့ အဲဒီ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာအဖွဲ့ဝင် တဦးက ဘီဘီစီ ကိုပြောပါတယ်။

အဲဒီ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ စက်မှုဝန်ကြီး ဦးစိုးသိန်းနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်မစ်ချဲလ်တို့ တက်ရောက်ခဲ့ ပါတယ်။

အမေရိကန် လုပ်ငန်းရှင်ကြီးတွေဟာ တနင်္လာနေ့မှာတော့ မြန်မာနိုင်ငံ ကုန်သည်နဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းဝင်တွေနဲ့ တွေ့ဆုံကြဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။