တိုင်းရင်းသား ဝန်ကြီး နေရာ ဆွေးနွေး

  • 17 ဇူလိုင် 2012
myanmar parliament ဓာတ်ပုံ မူပိုင် AP
Image caption တိုင်းရင်းသား အခွင့်အရေး လဲ ဆွေးနွေး ခဲ့

အမျိုးသား လွှတ်တော်မှာ ရခိုင်ပါတီက ဒေါက်တာ အေးမောင် တင်သွင်းတဲ့ တိုင်းရင်းသား ဝန်ကြီးတွေ တိုင်းနဲ့ ပြည်နယ် အစိုးရမှာ တာဝန်ပေးရေး အဆိုကို လွှတ်တော်မှာ မဲခွဲ ရာမှာ ၃၃ မဲ ၁၅ဝ နဲ့ ရှုံး နိမ့် ခဲ့ပါတယ်။

ဒါပေမယ့် ဝန်ကြီးတွေကို အစိုးရ တွေမှာ ထည့်သွင်း ပေးပြီး အမြဲတမ်းတော့ အစည်းအဝေး မတက်ရဘူးလို့ ရန်ကုန်တိုင်းက လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ဆိုပါတယ်။

တိုင်းရင်းသား ဝန်ကြီးတွေဟာ တိုင်းနဲ့ ပြည်နယ် တခုလုံးကို ကိုယ်စားမပြုဘဲ တိုင်းရင်းသား တမျိုးချင်းစီ နဲ့သာ သက်ဆိုင်တာမို့ တိုင်းနဲ့ ပြည်နယ် လုပ်ငန်း ဆောင်တာတွေ အားလုံးနဲ့ မသက်ဆိုင်တာမို့ မတက်ရတာလို့ သူက ယူဆပါတယ်။

မဲမခွဲခင် လွှတ်တော် အမတ် ၉ဦးက ဆွေးနွေး ခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော် မှာလဲ တိုင်းရင်းသား အခွင့်အရေး နဲ့ ပတ်သက်တဲ့ အဆိုကို မကြာခင်က တင် သွင်း ဆွေးနွေး ခဲ့ကြပါတယ်။