အာဇာနည်နေ့ စုဝေးမှုတွေ ပိတ်ပင်

  • 18 ဇူလိုင် 2012
aung san
Image caption အာဇာနည် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း

အာဇာနည် နေ့ အခမ်းအနား ကျင်းပ လိုသူတွေကို ဟန့်တား ကန့်သတ်မှုတွေ ရှိနေပါတယ်။

မန္တလေး ရတနာပုံ တက္ကသိုလ် ကျောင်းသား တွေက အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ ချင်တာကို ကျောင်းဝင်းတွင်း ကျင်းပခွင့် မပေးဘူး၊ နိုင်ငံတော် သီချင်း မဆိုရဘူး လို့ ပါမောက္ခချုပ်က တားမြစ် ခဲ့တယ်လို့ သိရပါတယ်။

လူစုလူဝေး ဖြစ်မှာ စိုးလို့ ပိတ်ပင်တာလို့ ဆိုပါတယ်။

ရှမ်းပြည် အောင်ပန်းမှာ အဆောက်အအုံထဲ ဆွမ်းကျွေး ကျင်းပခွင့် ပြုပေမယ့် ဗိုလ်ဗထူး ကျောက်တိုင်မှာ လွမ်းသူ့ပန်းခွေ ချတာကိုတော့ ခွင့်မပေးဘူးလို့ သိရပါတယ်။

ပဲခူး၊ မကွေး ၊ ပြည် စတဲ့ ပြည်မ မြို့တွေမှာလဲ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်တွေ မှာ မစုရုံးရလို့ စီစဉ်သူ တွေကို ဒေသ အာဏာပိုင် တွေက အသိပေး ထားပါတယ်။

၁၉၄၇ ခုနှစ်က လုပ်ကြံ သတ်ဖြတ် ခံရတဲ့ အစိုးရ အဖွဲ့ ခေါင်းဆောင် ဦးအောင်ဆန်း ဇာတိ နတ်မောက် မြို့မှာလဲ ဗိုလ်ချုပ် ကျောက်ရုပ်မှာ မလုပ်ပါနဲ့လို့ အလားတူ ကန့်သတ် ခဲ့ပါတယ်။

ကန့်သတ်မှု တွေရဲ့ အဓိက အကြောင်းပြချက် ကတော့ အာဇာနည် နေ့ဟာ ဗိုလ်ချုပ် အောင်ဆန်း တယောက်ထဲ နဲ့ ဆိုင်တာ မဟုတ်လို့ အာဇာနည် အမှတ်တရ ကျောက်တိုင် အဆောက်အဦ ရှိတဲ့ဆီမှာပဲ လုပ်ပါလို့ ကန်သတ် တာပဲ ဖြစ်ပါတယ်။

နှစ် ၂ဝ ကျော် ပိတ်ပင် ခံခဲ့ရတဲ့ အာဇာနည် နေ့ ကို ကန့်သတ်မှု တွေကြားက ကျင်းပဖို့ တက်ကြွတဲ့ ဒေသခံ အရပ်သားတွေက စီစဉ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ