ရင်းနှီး မြှုပ်နှံမှု ဥပဒေကြမ်း ဆွေးနွေး

  • 19 ဇူလိုင် 2012
naypyidaw
Image caption နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ ဆွေးနွေး

နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ မူကြမ်း နဲ့ စပ်လျဉ်းပြီး ပြည်သူ့ လွှတ်တော်မှာ မနေ့က ဆွေးနွေး ခဲ့ကြပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မိတ္ထီလာ ကိုယ်စားလှယ် ဦးဝင်းထိန် နဲ့ ဒေါ် စန္ဒာမင်းတို့လဲ တခြား ကိုယ်စားလှယ် ၁၆ ယောက် နဲ့အတူ ပါဝင် ဆွေးနွေး ခဲ့ပါတယ်။

ဒီ ပြည်ပ မြှုပ်နှံမှု တွေကြောင့် အလုပ်အကိုင် သစ်တွေ ပေါ်လာမှာ ဖြစ်ပေမယ့် ပြည်တွင်းက အလတ်စားနဲ့ အသေးစား လုပ်ငန်းတွေ ဆက်ရပ်တည် နိုင်အောင် ဘယ်လို ကာကွယ် ပေးမလဲ NLD က ဆွေးနွေး ခဲ့ကြတယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ဆိုပါတယ်။

ကိုယ့်တိုင်းပြည်ထဲ ရင်းနှီးမှုတွေ ဝင်လာအောင် အခြေခံ အဆောက်အအုံတွေ ကို ပြင်ဆင် ထားရမယ်လို့လဲ ဆိုပါတယ်။

တပ်မတော် ကိုယ်စားလှယ် ကတော့ သယံဇာတ တူးဖော်ရေး တွေမှာ လုံခြုံရေး အမြင်နဲ့ ဆောင်ရွက်ဖို့ ဝင်ရောက် ဆွေးနွေးတယ်လို့ သိရ ပါတယ်။

လွှတ်တော် နှစ်ရပ် လုံးမှာ ဆွေးနွေးပြီးမှ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ရမှာ ဖြစ်ပါတယ်။

ပြည်သူ့ လွှတ်တော်မှာလဲ ပြင်ဆင်ချက် တွေ ထည့်သွင်းဖို့ ထပ်ဆွေးနွေး အုံးမှာ ဖြစ်ပါတယ်။