ပိတ်ဆို့မှု ရုပ်သိမ်းရေး ကွန်ဂရက်ပေါ်တည်

  • 20 ဇူလိုင် 2012
cloth factory ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပိတ်ဆို့မှုကြောင့် အထည်ချုပ် လုပ်ငန်းထိခိုက်

မြန်မာ ပို့ကုန် တင်ပို့မှုကို အမေရိကန်က သုံးနှစ် ဆက်ပိတ် တာဟာ မြန်မာ အစိုးရကို သံသယ ရှိတဲ့ လွှတ်တော် အမတ်တွေက အာမခံ ထားချင်လို့ ထင်ကြောင်း Asia Society အဖွဲ့က နိုင်ငံတကာ မူဝါဒ ရေးရာ ဒုတိယ ဥက္ကဋ္ဌ Suzanne DiMaggio က ဆိုပါတယ်။

အမေရိကန် အစိုးရဟာ တချို့ အရေးယူမှု တွေကို လျှော့ပေးပြီး တချို့ကိုတော့ ဆက်ထားတယ်။

တဘက်မှာလဲ အမေရိကန် ကွန်ဂရက်က ဘယ်လို ပိတ်ဆို့အရေးယူ မှုတွေကို ဆိုင်းငံ့သင့်လဲ အိုဘားမား အစိုးရကို အများကြီး ဆုံးဖြတ် ခွင့် ပေးထားပါတယ်။

ရေရှည် မှာတော့ နှစ်နိုင်ငံ ကြား တိုးတက်မှု တခုချင်း အလိုက် တုံ့ပြန် ဖြေလျှော့ ပေးမယ့် အပြောင်းအလဲ ဆက်ဆံရေးကို ကျော်လွန် ကြည့်ဖို့ လိုပါမယ်။

မြန်မာပြည် ပြောင်းလဲရေး ကို အားပေးဖို့ ပိတ်ဆို့မှုတွေ ရုပ်သင့်တယ် ဆိုသူတွေနဲ့ အမြင် မတူသူ တွေကြား သဘောတူမှု ရမှ ပိတ်ဆို့မှုတွေ ရုပ်ပေးမှာလို့ Suzanne DiMaggio က ဆိုပါတယ်။

လတ်တလော မြန်မာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ ငြိမ်းချမ်းရေး ရဖို့ ဆွေးနွေး နေပေမယ့် တဘက်မှာလဲ အပစ်ရပ် အပစ်မရပ် တိုင်းရင်းသား အဖွဲ့ တွေကို ထိုးစစ် ဆင်နေလို့ နိုင်ငံတကာ က မြန်မာ့ နိုင်ငံရေး ပြောင်းလဲမှုအပေါ် ယုံကြည် ကူညီ နေတာတွေ၊ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်း တာတွေ မလုပ်သင့် သေးဘူးလို့လဲ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ က ပြောပါတယ်။

ယုံကြည်မှု တည်ဆောက်ဖို့ အစိုးရက တိုင်းရင်းသား အားလုံး ပါတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ပေးပြီး တမျိုးသားလုံး သဘော တူညီချက် ရဖို့လိုတယ်လို့ ကောင်စီ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ