နိုင်ငံရေး ရှေ့နေတွေ လိုင်စင် ပြန်ချပေး

  • 20 ဇူလိုင် 2012
high court
Image caption နိုင်ငံရေး လှုပ်ရှားတဲ့ ရှေ့နေ တချို့ လိုင်စင် ပြန်ရ

နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှုတွေကို လိုက်လို့ လိုင်စင် ပိတ်ခံရတဲ့ ရှေ့နေ တချို့ကို လိုင်စင်တွေ ပြန်ခွင့်ပြု နေပါတယ်။

လိုင်စင် ပြန်ရခဲ့တဲ့ ရှေ့နေ ဦးရောဘတ် စန်းအောင် က သူဟာ ဦးသိန်းစိန် အစိုးရ တက်လာ ကထဲက လိုင်စင် ပြန်လျှောက် ခဲ့ပြီး မေလက အမျိုးသား လွှတ်တော်မှာ ဒီကိစ္စ ဆွေးနွေးချက်ကိုပါ ပူးတွဲ တင်သွင်း လိုက်မှ ချပေး ခဲ့တယ်လို့ သိရပါတယ်။

၁၉၉၃ ကထဲက လိုင်စင် ပိတ်ခံ ခဲ့ရတာပါ။

တရား လွှတ်တော် ရှေ့နေ ၇ ယောက် အပါအဝင် နိုင်ငံရေး လှုပ်ရှား ခဲ့တဲ့ ရှေ့နေ တချို့ကို အမှု ပြန်လိုက်ခွင့် ပေးခဲ့ပေမယ့် ကလေး၊ ရွှေဘို စတဲ့ မြို့တွေက ၈၈ အရေးအခင်းမှာ လှုပ်ရှားခဲ့လို့ စစ်ခုံရုံးက သေဒဏ်ချ ခံရဖူးတဲ့ ရှေ့နေတွေ ကိုတော့ ခုထိ လိုင်စင် ပြန်ချ မပေးသေးဘူး လို့ ဆိုပါတယ်။

၂ဝ၁၄ မြန်မာ နိုင်ငံ အာစီယံ ဥက္ကဋ္ဌ ဖြစ်လာရင် လူ့အခွင့်အရေး တိုးတက်လာအောင် ခွင့်ပြု နေတာလို့ ထင်ပေမယ့် ဘယ်လောက် ရေရှည် ခံမယ် မသိကြောင်း ပြောဆို သွားပါတယ်။