အမေရိကန်က ပိတ်ဆို့မှုတွေ ဘာကြောင့် ဆက်ထားချင် တာလဲ

  • 19 ဇူလိုင် 2012
Senator Mitch Mcconell ဓာတ်ပုံ မူပိုင် AP
Image caption ဆီနိတ်တာ မက်ကောနဲလ် နဲ့ ဒေါ်စုတို့ မကြာသေး ခင်က ပိတ်ဆို့မှု အကြောင်း ဆွေးနွေခဲ့

အမေရိကန် အစိုးရက မြန်မာ နိုငံ အပေါ် ချမှတ်ထားတဲ့ Burma Freedom and Democracy Act ကို သက်တမ်း တိုးဖို့ အမေရိကန် အထက် လွှတ်တော် ဘဏ္ဍာရေး ကော်မီတီမှာ ဗုဒ္ဓဟူးနေ့က မဲခွဲ ဆုံးဖြတ်လိုက် ပါတယ်။

၂၀၀၃ ခုနှစ်က စတင် ချမှတ် ထားခဲ့ပြီး မကြာခင် ရက်ပိုင်းမှာ သက်တမ်း ပြည့်တော့မယ့် ဒီဥပဒေ အရ မြန်မာ နိုင်ငံကနေ အမေရိကန်ကို တင်ပို့မယ့် ကုန်ပစ္စည်း တွေကို ဆက်လက် ကန့်သတ် ထားဦးမှာ ဖြစ် ပါတယ်။

မြန်မာ နိုင်ငံမှာ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်မှု တွေကြောင့် ရင်နှီး မြှုပ်နှံမှု အပါ အဝင် ပိတ်ဆို့ အရေး ယူမှု အတော် များများကို အမေရိကန်က ဖယ်ရှား ပေးနေချိန်မှာ အခု ပိတ်ဆို့မှုကို သက်တမ်း ထပ်တိုး ဖို့ အမေရိကန် အထက် လွှတ်တော်က ဆုံးဖြတ် တာဖြစ်ပါတယ်။

မြန်မာ နိုင်ငံရဲ့ ပို့ကုန်တွေကို အခုလို ဆက်လက် ပိတ်ဆို့ထားခြင်း အားဖြင့် စျေးကွက် စီးပွားရေး အရ အမေရိကန် ဘက်က နစ်နာမှု ရှိနိုင် ပေမဲ့ သူတို့ မျှော်မှန်းတဲ့ ရလဒ်တွေ မရသေးတဲ့ အတွက် ဆက်ထားတာ ဖြစ်နိုင် တယ်လို့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ပိတ်ဆို့ အရေးယူမှု ဆိုင်ရာ သုတေသန အဖွဲ့က ဦးနိုင်းနိုင်းက ပြောပါတယ်။

လောလောဆယ် မြန်မာ နိုင်ငံ အတွင်း ဖြစ်နေတဲ့ လူ့အခွင့် အရေး ကိစ္စ၊ တိုင်းရင်းသား ပြည်နယ်တွေမှာ အေးချမ်း တည်ငြိမ်မှု မရှိသောတဲ့ ကိစ္စ၊ သတင်း မီဒီယာ လွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ချယ် နေသေးတဲ့ ကိစ္စ တို့ ကို ဖြေရှင်းပြီး ထောင်တနေကြတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးဖို့ အမေရိကန် ဘက်က လိုလားတယ်လို့ ဦးနိုင်းနိုင်းက ပြောပါတယ်။

မြန်မာ နိုင်ငံမှာ ဒီမို ကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ တိုးတက် ဖြစ်ထွန်းတဲ့ လုပ်ရပ် ဆိုတာကို သက်ဆိုင်ရာ ပြည်ပ အစိုးရတွေကသာ တိုင်းတာကြမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ အန်အယ်လ်ဒီ အနေနဲ့ ကတော့ ဒီမိုကရေစီရေး တွန်းအား ပေးတဲ့ ဘယ်လို လုပ်ရပ်မျိုးကို မဆို မူအားဖြင့် ကြိုဆို တယ်လို့ ဦးနိုင်းနိုင်းက ပြော ပါတယ်။

Burma Freedom and democracy Act ကို အထက် နဲ့ အောက် လွှတ်တော် နှစ်ရပ် စလုံးရဲ့ ထောက်ခံမှု ရပြီးရင် သမ္မတက လက်မှတ် ရေးထိုး အတည်ပြု ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ