PNLO ပအို့အဖွဲ့ အစိုးရနဲ့ ရန်ကုန်မှာ ဆွေးနွေးမယ်

  • 23 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် pyo
Image caption PNLO အဖွဲ့ဟာ မီးရထားဝန်ကြီး ဦးအောင်မင်း နဲ့ ပြီးခဲ့တဲ့လက ဘန်ကောက်မှာ အလွတ်သဘော တွေ့ဆုံခဲ့

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ပအို့အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတွက် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီး မြို့ကို တနင်္ဂနွေနေ့တုန်းက ရောက်နေကြပြီး တော့ ရန်ကုန် အထိပါ သွားရောက်ဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

တနင်္လာနေ့မှာတော့ သူတို့အဖွဲ့ဟာ တောင်ကြီးမြို့မှာ ရှိတဲ့ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO) ရဲ့ နာယကကြီး ဦးအောင်ခမ်းထီနဲ့ တခြား ပအို့နိုင်ငံရေး ခေါင်းဆောင်တွေကို တွေ့ဆုံ ဂါရဝပြုပြီး အမျိုးသားရေး အတွက် အနာဂတ်မှာ တနည်းနည်းနဲ့ လက်တွဲ ပူးပေါင်းဖို့ ပြောဆို ဆွေးနွေးခဲ့သ လို သူတို့ဆီက အတွေ့အကြုံတွေ အကြံညဏ်တွေကိုလည်း တောင်းဆို ခဲ့တယ်။

နောက်ပြီးတော့ ပအို့ ကိုယ်ပိုင်အုပ်ချူပ်ခွင့် ဒေသမှာ ရှိတဲ့ ဟိုပုန်းမြို့နယ်က ပရဟိ ကျောင်းကို သွားရောက် လေ့လာခဲ့တယ်လို့ PNLO အတွင်းရေးမှူးလည်းဖြစ် PNLO ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ရဲ့ ဦးဆောင်သူလည်း ဖြစ်တဲ့ ခွန်မြင့်ထွန်းက ပြောပါတယ်။

ခွန်မြင့်ထွန်း ဆက်ပြီး ပြောတာကတော့ ဒီခရီး စဉ်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မဟုတ်ပဲ လေ့လာရေး သက်သက်သာဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် မဲဆောက်မှာ အခြေစိုက်နေတဲ့ PNLO ဥက္ကဌ ခွန်ဥက္ကာ ကတော့ ဒါဟာ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအ တွက် ပဏာမ သွားတာဖြစ်တယ်လို့ ပြောပါ တယ်။

PNLO အဖွဲ့ဟာ ပြီးခဲ့တဲ့လ တုန်းက မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ အလွတ်သဘော အနေနဲ့ PNLO တပ်ဖွဲ့ဝင်တွေ အခြေချ နေထိုင် နိုင်ဖို့ ကိစ္စတွေ၊ အပစ်ခတ် ရပ်စဲရေးကိစ္စတွေ စတဲ့ အချက် ၆ ချက်ပါ တောင်းဆိုချက်နဲ့ ပက်သက်ပြီး တွေ့ဆုံ ဆွေးနွေး တာတွေ ပြုလုပ်ပြီးသား ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ