မြန်မာ အိုလံပစ် အသင်း လန်ဒန်ကို စတင် ရောက်လာ

  • 25 ဇူလိုင် 2012
Myanmar Olympics ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာ အားကစား သမားများ

လာမယ့် သောကြာနေ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ စတင် ဖွင့်လှစ်မယ့် ၂၀၁၂ အိုလံပစ် အားကစား ပွဲတွေကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် လန်ဒန် မြို့တော်မှာ အားကစား ပွဲတော် အတွက် အဘက်ဘက်က လိုလေသေး မရှိ ကြိုတင် ပြင်ဆင် နေချိန်မှာ နိုင်ငံအသီးသီးကို ကိုယ်စားပြု ပြိုင်ပွဲဝင်ကြမယ့် အားကစား သမားတွေ လန်ဒန်မြို့တော်ကို ရောက်လာ နေကြ ပါတယ်။

မြန်မာ အိုလံပစ် အသင်းမှာ ပြိင်ပွဲဝင်မယ့် အားကစား သမား ၆ ယောက် ပါဝင်ပြီး အားကစား သမားတစ်ယောက်နဲ့ တာဝန်ခံ တွေ အင်္ဂါ နေ့ကနေ စပြီး လန်ဒန်ကို ရောက်လာ ကြပြီ ဖြစ်ပါ တယ်။

မြှားပစ် အားကစား ပြိုင်ပွဲဝင်မယ့် ကိုနေမျိုးအောင်က ရောက်တဲ့ နေ့မှာပဲ လန်ဒန်က လေ့ကျင့်ရေး စခန်းမှာ စတင် လေ့ကျင့်နေပါပြီ။

မြန်မာ နိုင်ငံ အိုလံပစ် အားကစား အသင်း ခေါင်းဆောင် ဖြစ်သူ အားကစား ဝန်ကြီး ဦးတင်စန်းနဲ့ အတူ ကျန်တဲ့ အားကစားသမား ငါးယောက်နဲ့ နည်းပြတွေ၊ အားကစား အဖွဲ့ဝင်တွေ အားလုံး ကြာသပတေး နေ့မှာ ရောက်လာ ကြမှာ ဖြစ်တယ်လို့ မြန်မာ အိုလံပစ် အသင်း အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့ ဦးခင်မောင်လွင် က ပြောပါတယ်။

လှေလှော် အားကစား သမား မရွှေဇင်လတ်က လွဲလို့ ပြိုင်ပွဲဝင်ကြမယ့် အားကစား မောင်မယ် တွေနဲ့ အသင်းသားတွေ က အိုလံပစ် အားကစားရွာမှာ နေကြရပြီး လန်ဒန် မြို့တော် တခွင်မှာ ရှိတဲ့ လေ့ကျင့်ရေး စင်တာ တွေကို သွားရောက် လေ့ကျင့် ကြရမှာ ဖြစ်ပါတယ်။

မရွှေဇင်လတ် ကတော့ လှေလှော် အားကစား သမားတွေ အတွက် ထားတဲ့ လန်ဒန် မြို့ပြင်က နေရာမှာ နေရမယ်လို့ သိရပါတယ်။

အခုလို လန်ဒန် အိုလံပစ် ပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်ကြရတဲ့ အတွက် ကစား သမားတွေ အနေနဲ့ နိုင်ငံတကာ အတွေ့ အကြုံတွေ ရတယ်၊ တခြား နိုင်ငံတွေ နဲ့ ချစ်ကြည် ရင်းနှီးမှု ရနိုင်တဲ့ အကျိုး ကျေးဇူးတွေ ရနိုင်တယ် လို့ မြန်မာ အိုလံပစ် အသင်း အုပ်ချုပ်ရေး အဖွဲ့ဝင် ဦးခင်မောင်လွင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ