မြန်မာ အသင်း စတင် ယှဉ် ပြိုင်

  • 27 ဇူလိုင် 2012
Archery First Day ဓာတ်ပုံ မူပိုင် Getty
Image caption အိုလံပစ် ဖွင့်ပွဲ နေ့မှာ မြှားပစ် ပြိင်ပွဲ ပထမဆုံး နေ့ စတင်ခဲ့ ပါတယ်။

လန်ဒန် အိုလံပစ် အားကစား ပွဲတော်ကြီး တရားဝင် ဖွင့်လှစ်ပွဲ အခမ်း အနား မတိုင်ခင် အားကစားပွဲ တချို့ကို စတင် ကျင်းပခဲ့ ရာမှာ မြန်မာ့ လက်ရွေးစင် အားကစား သမား တစ်ယောက် ဖွင့်ပွဲ ကျင်းပမယ့် သောကြာနေ့က စတင် ယှဉ်ပြိုင် ခဲ့ပါတယ်။

မြန်မာ့ လက်ရွေးစင် မြားပစ် အားကစား သမား ကိုနေမျိုးအောင် စတင် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုပွဲစဉ်က လက်ရည် အဆင့် သတ်မှတ်တဲ့ ပွဲပဲ ဖြစ်ပြီး ဆုတံဆိပ် ပေးတဲ့ အဆင့် ပြိုင်ပွဲ မဟုတ်သေး ပါဘူး။

ကစားသမား ၆၄ ယောက်က မြား ၇၂ ချောင်းကို ပစ်ကြရာမှာ ကိုနေမျိုးအောင်က ၆၄၆ ချက်နဲ့ အဆင့် ၅၄ မှာ ချိတ်တယ်လို့ မြန်မာ နိုင်ငံ အိုလံပစ် ကော်မီတီ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြော ပါတယ်။

စနေနေ့မှာတော့ အခု ရထားတဲ့ ရလဒ်တွေပေါ် မူတည်ပြီး ရေးဆွဲ ထားတဲ့ ပွဲစဉ် တွေကို ယှဉ်ပြိုင်ကြရမှာ ဖြစ်တယ်၊ ရှုံးထွက် ပွဲတွေ ဖြစ်တယ်လို့ လည်း သူက ဆိုပါတယ်။

သေနတ်ပစ် အားကစားသမား ကိုမောင်ကြူနဲ့ တစ်ဦးချင်း လှေလှော် ကစားသမား မရွှေဇင်လတ် တို့လည်း စနေနေ့မှာ ပြိုင်ပွဲ ဝင်ကြ ရမှာဖြစ်ပါတယ်။

ဂျူဒို ကစားသမား မအေးအေးအောင်က သြဂုတ်လ ၂ ရက်နေ့မှာ ပတ်လည် ပွဲတွေ ကစားပြီး ပြေးခုန်ပစ် ပြိုင်ပွဲ မီတာ ၄၀၀ အပြေးသမား ကိုသက်ဇော်ဝင်းက သြဂုတ်လ ၄ ရက်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မြန်မာ ကစား သမားတွေ အားလုံးက ပတ်လည် ပွဲတွေ၊ ရှုံးထွက်ပွဲ တွေကို အဆင့်ဆင့် ယှဉ်ပြိုင်ပြီး အကြို ဗိုလ်လုပွဲတွေ နဲ့ ဗိုလ်လုပွဲ အဆင့် အထိ တက်သွား ကြရမှာ ဖြစ်ပြီး မာရသွန် ပြေးပွဲ ဝင်မယ့် မနီလာစန်း ကတော့ သြဂုတ်လ ၅ ရက်နေ့ ကျမှ ပါဝင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ