မြန်မာမှာ စီးပွားရေး လုပ်မယ့် ဂျပန်လုပ်ငန်းအဖွဲ့

  • 27 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ ဦးသိန်းစိန်ဟာ ဂျပန်ဝန်ကြီးချုပ်နဲ့ ဧပြီလက တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်

မြန်မာနိုင်ငံက စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို အထောက်အကူ ပြုဖို့ အတွက် ဂျပန် အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေ ပူးပေါင်း ဆောင်ရွက်မယ့် Task Force လုပ်ငန်း အဖွဲ့ တရပ်ကို ဂျပန်အစိုးရက သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။

ဒီအဖွဲ့ကို မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းတွေကို ဂျပန်အစိုးရနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက ပူပေါင်း ကူညီနိုင်ဖို့ ဖွဲ့စည်းတာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မာအီဆာ ဆာတိုက ပြောပါတယ်။

တရုတ်က မြန်မာနိုင်ငံကို မဟာမိတ်အဖြစ် ဖမ်းဆုပ်ကိုင် ထားချင် နေတဲ့ အခုလို အချိန်မှာ ဂျပန်နိုင်ငံ ကလည်း မြန်မာနိုင်ငံမှာ အခြေချဖို့ ဝင်လာတာ ဖြစ်ကြောင်း ဂျပန်နိုင်ငံ ကန်ဒ တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ အေးချမ်းက သုံးသပ်ပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အတွေ့အကြုံ အများကြီး ရှိကြောင်းနဲ့ အာဆီယံ ဆယ်နိုင်ငံမှာလည်း ဂျပန်ဟာ အများဆုံး ရင်နှီးမြှုပ်နှံမှု လုပ်ခဲ့ဖူးကြောင်း သူက ဆက်ပြောပါတယ်။

အခုတော့ မြန်မာ နိုင်ငံမှာ ငွေရင်း ငွေနှီး အလုံးအရင်းနဲ့ အတတ် ပညာပိုင်းပါ အပါအဝင် ရင်းနှီးမြှုပ်နှံဖို့ လုပ်လာတာ ဖြစ်ကြောင်း သူကပြောပါတယ်။

သီလဝါဆိပ်ကမ်း ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ တရပ်ကိုလည်း ဂျပန်အစိုးရက အတည်ပြုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ