ရွေးကောက်ပွဲ စနစ် ပြောင်းဖို့ ရွေးကောက်ပွဲ ကော်မရှင် ကို တင်ပြ

  • 28 ဇူလိုင် 2012
Naypyidaw
Image caption ပါတီ ငယ် က လွှတ်တော် အမတ် တွေ လွှတ်တော် ရောက်ရေး ကြံဆ နေကြရ

အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ အပါအဝင် ဒီမိုကရေစီ မဟာမိတ် ၁၀ ပါတီ က လက်ရှိ ရွေးကောက်ပွဲ စနစ် ကို ပြောင်းလဲဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို သွားရောက် တင်ပြ ခဲ့ကြပါတယ်။

အခုရွေးကောက်ပွဲ စနစ် က မဲဆန္ဒနယ် နယ် တခု မှာ မဲအများဆုံး ရတဲ့ ကိုယ်စားလှယ် သာ လွှတ်တော် အမတ် ဖြစ်ကြတဲ့ စနစ်မို့ နိုင်ငံရေး ပါတီ အငယ်တွေ အနေ နဲ့ သူတို့ မဲရရှိမှု ရာခိုင်နှုန်း အတိုင်း လွှတ်တော်မှာ ကိုယ်စားလည် ဖြစ်ခွင့် မရှိတဲ့ အတွက် နစ်နာ တာကြောင်း ပါတီ တခု က ရတဲ့ မဲအရေ အတွက် အတိုင်း အချိုးကျ ပါတီ တွေ က လွှတ်တော် အမတ် အရေအတွက် ရတဲ့ အချိုးကျ ကိုယ်စားလှယ် ရွေးကောက်ပွဲ စနစ် ကို ပြောင်းလဲဖို့ အတွက် အခု ၁၀ ပါတီ က ကြိုးစား တင်ပြ နေကြတာပါ။

အရင် တလော က သမ္မတ ဉီးသိန်းစိန် နဲ့ တွေ့စဉ်မှာ လည်း ဒီကိစ္စ ကို တင်ပြခဲ့ ပါသေးတယ်။

အခု ရွေးကောက်ပွဲ ကော်မရှင် ကို တင်ပြ တဲ့အခါ ကော်မရှင် ဘက်က ဘာတွေ တုန့်ပြန် သလဲ လို့ NDF ပါတီခေါင်းဆောင် ဒေါက်တာ သန်းငြိမ်း ကို မေးတော့ ကော်မရှင် ဘက် ကတော့ အတိအကျ အဖြေပေးခဲ့တာ မရှိသေး ကြောင်းပြောပါတယ်။

ရွေးကောက်ပွဲ စနစ် တွေ အမျိုးမျိုးရှိပြီး စနစ်တိုင်းမှာ လည်း အားနည်းချက် အားသာချက် တွေ က ရှိနေပါတယ်။

အခု သူတို့တင်ပြ နေတဲ့ အချိုးကျ ကိုယ်စားလှယ် ရွေးကောက်ပွဲ စနစ် မှာလည်း ပါတီ ငယ် တွေ အတွက် လွှတ်တော်မှာ ကိုယ်စားပြုခွင့် ပိုရတဲ့ အချက် က ကောင်းမွန် ပေမယ့် လည်း တခြား အားနည်းချက် တွေ ရှိကြောင်း ထောက်ပြ ပြောဆို သူတွေ လည်း ရှိနေပါတယ်။