နေပြည်တော် က မဲဆန္ဒရှင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

suu kyi ဓာတ်ပုံ မူပိုင် a
Image caption ရန်ကုန် က လူထု ကို တွေ့စဉ်က

စနေနေ့ လွှတ်တော် အားရက် မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က နေပြည်တော် ဥတ္တရသီရိ မြို့နယ် က ပြည်သူ တွေ နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

ဥတ္တရသီရိ မြို့နယ် ထဲ က ရပ်ကွက်ကျေးရွာ ၅၀ ကျော် က ပြည်သူ ၁၀၀ ကျော် နဲ့ ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥတ္တရသီရိ မြို့နယ် ရုံးခန်း မှာ တွေ့ဆုံခဲ့ကြပြီး ဒေသခံပြည်သူ တွေက အလုပ်အကိုင် ရရှိရေး၊ ပညာရေး ဆိုင်ရာ ကိစ္စ တွေ နဲ့ အတူ လမ်းပန်း ဆက်သွယ်ရေး နဲ့ လျှပ်စစ်မီး ရရှိရေး ဆိုင်ရာ အရေး တွေ ကို တင်ပြ ကြတယ် လို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူ လိုက်ပါ သွားတဲ့ ဥတ္တရ သီရိ မြို့နယ် အန်အယ်ဒီ လွှတ်တော် အမတ် ဉီးမင်းသူ က ပြောပါတယ်။

သိမ်းဆည်းခံ လယ်ယာမြေများ ကိစ္စ ကိုလည်း ဒေါ်အောင်ဆန်းစုကြည် ထံ တင်ပြခဲ့ကြနိုင်တဲ့ အတွက် သူတို့ ကျေနပ် အားရခဲ့ကြောင်း တောင်ညိုရွာ က တောင်သူ ဉီးဆက်မောင် က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကတော့ လက်တွေ့ ဖြစ်နိုင်တဲ့ ဖြေရှင်း နိုင်စရာ အကြံတွေ ကို ဒေသခံတွေ ကို ပြန်ပေးခဲ့ကြောင်းနဲ့ လက်ရှိ အခြေအနေမှာ လူငယ် တွေ အတွက် အလုပ်အကိုင် ရနိုင်စရာ နည်းလမ်း တချို့ကို အကြံပေးခဲ့ကြောင်း ဉီးမင်းသူ က ပြောပါတယ်။