ရွေးကောက်တင်မြှောက်ပုံစနစ် ပြောင်းဖို့လိုသလား

  • 30 ဇူလိုင် 2012
Myanamr Voting System
Image caption လက်ရှိအတိုင်း ထားမလား၊ ရွေးကောက်ပုံ ပြောင်းမလား

မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေမှာ ရွေးကောက်တင်မြှောက်ပုံစနစ် ပြောင်းဖို့ လိုမလို ကို နိုင်ငံရေးသမားတွေက စတင် စဉ်းစားနေကြပါပြီ။ လက်ရှိ ရွေးကောက်ပွဲ စနစ်လို မဲဆန္ဒနယ် တခုချင်းအလိုက် မဲအများစု နိုင်သူကိုပဲ လူထု ကိုယ်စားပြုခွင့် ပေးမလား၊ ဒါမှမဟုတ် ပါတီတွေ ရတဲ့ စုစုပေါင်းမဲအရေအတွက်ကို လိုက်ပြီး လွှတ်တော်တွင်း အမတ်နေရာ အချိုးကျ ခွဲဝေယူတဲ့ စနစ်ကို ပြောင်းကြမလား။ သောတရှင်တွေကရော ဘယ်လိုထင်မြင်ကြပါသလဲ။ သြဂုတ်လ ၁ ရက် ဗုဒ္ဓဟူးညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ကိုယ်တိုင် ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ပါဝင် ဆွေးနွေးကြမယ်ဆို ဘီဘီစီရဲ့ အသံသွင်း တယ်လီဖုန်းနံပါတ် ၀၀၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကို ဆက်သွယ်ပြီး အသံသွင်းထားနိုင်သလို Burmese@bbc.co.uk ကို ရေးသားပေးပို့ နိုင်ကြပါတယ်။ ပြန်လည် ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပါတ်နဲ့ နိုင်ငံကို ပြောထားမယ်ဆိုလည်း ဘီဘီစီက ပြန်ဆက်သွယ်ပါ့မယ်။