လယ်သိမ်းခံရပြီး နစ်နာကြေးမရတဲ့ လယ်သမားတွေ ဆန္ဒဖော်ထုတ်

  • 31 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AP
Image caption လယ်သမားတွေ ဆန္ဒဖော်ထုတ်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အတွင်းက ရွာပေါင်း(၄)ရွာက လယ်ဧက(၄၀၀)ကျော် နှစ်နာကြေးမရဘဲ သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေက လယ်ယာမြေပြန်ရရေးအတွက် မနေ့က လယ်သမား(၁၀၀)ကျော် ဆိုင်းဘုတ်ကိုင်ပြီး ပထမအ ကြိမ် ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်း မြို့နယ်အတွင်းက ချောင်းပေါက်ကျေးရွာ-ပေါက်တော-မြေနိုင်-ကြောင်ချောင့်ကျေးရွာ- ရွာ (၄)ရွာက လယ်မြေဧက(၄၀၀)ကျော်ကို အစိုးရက(၁၉၉၈)ခုနှစ်က သိမ်းဆည်း သွားခဲ့တာ ဖြစ်ပါတယ်။

မနေ့တော့ လယ်သမား(၁၀၀)ကျော်က လယ်ယာမြေပြန်ရရေး အတွက် ဆိုင်းဘုတ်ကိုင် ကြွေးကျော်သံတွေနဲ့ ဆန္ဒထုတ် ဖော်ခဲ့ပြီး သိမ်းဆည်းစဉ် ကာလက နစ်နာကြေး မရခဲ့တဲ့ အကြောင်း လယ်ပိုင်ရှင် တဦးဖြစ်တဲ့ ဦးကျော်တင့်က ပြောပါတယ်။

စတင် သိမ်းဆည်းသွားထဲက အထက်ကို တောင်းဆို တိုင်တန်းတာတွေ လုပ်ခဲ့ပေမဲ့ မရတဲ့အပြင် ခြိမ်းခြောက် ထောင်ချတာခံခဲ့ရတဲ့ အကြောင်းလဲ ဦးကျော်တင့်က ရှင်းပြပါတယ်။

ခုဆန္ဒထုတ်ဖော် စီတန်းလှည့်လည်ခွင့်ကို ဇူလိုင်လ ၂၂ရက်နေ့က ကြိုတင် အကြောင်းကြား ခဲ့ရပြီး ၂၈ရက် နေ့မှာ လုပ်ခွင့်ရတာကြောင့် မနေ့က ဆန္ဒထုတ် ဖော်တာလို့သိရပါတယ်။

သိမ်းဆည်း မြေထက် ပိုသိမ်း ယူခံထားရပြီး လက်ရှိ လယ်သမားတွေ အလုပ်လက်မဲ့ဘ၀ ရောက်နေတယ် လို့ ပြောပါတယ်။

ဆန္ဒထုတ်ဖော်မှုနဲ့ ပတ်သက်လို့ နေပြည်တော် စက်မှု့(၁)၀န်ကြီးဌာန ရုံးအဖွဲ့မှူး ဦးတင်မြင့်က လောလောဆယ် ညှိနှိုင်းလို့ မရနိုင်သေးဘူးလို့ အကြောင်းပြန်ကြားခဲ့တယ်လို့ ပြောပါတယ်။

လယ်သမား တွေကတော့ ဆက်ပြီး ဆန္ဒပြမယ်လို့ ဆိုပါတယ် ။

အလားတူ ရန်ကုန်တိုင်း ၊ ဧရာ၀တီတိုင်း ၊ ပဲခူးတိုင်း၊ မကွေးတိုင်း အပြင် မန္တလေးမြို့က တောင်သူလယ်သမား တွေဟာ အသိမ်းခံ လယ်မြေတွေ ပြန်ရဖို့ ဆန္ဒထုတ် ဖော်ဖို့ ပြင်နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ