မြန်မာ ဒုသမ္မတသစ် ဘယ်သူ ဖြစ်လာမလဲ

  • 31 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် reu
Image caption ရာထူးကနေ နှုတ်ထွက်သွားတဲ့ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး နေရာအတွက် ဘယ်သူ့ကိုမှ အတည် မပြုနိုင်သေးပါ

ရာထူးကနေ နှုတ်ထွက်သွားတဲ့ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ရာထူးနေရာ အတွက် ဒုသမ္မတသစ် တဦးကို လွှတ်တော်က အတည်ပြုပေးဖို့ နောက်ဆုံးရက် ရောက်ပြီ ဖြစ်ပေမယ့် အတည်ပြု နိုင်ခြင်း မရှိခဲ့ပါ။

ပြီးခဲ့တဲ့ ၁ဝ ရက်နေ့ တုန်းကတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ နာမည်ကို ပြည်ထောင်စု လွှတ်တော် နာယက ဆီကို ပေးဖို့ထားပြီ ဖြစ်ပေမယ့် ဒီကနေ့ အင်္ဂါနေ့ အထိ အတည် ပြုမနိုင်ဘဲ ဒုတိယ သမ္မတ နေရာ အတွက် လူသစ်နဲ့ အစားထိုး လိုက်တယ် လို့လည်း သတင်းတွေ ထွက်လာပါတယ်။

ဒုတိယ သမ္မတသစ် တဦးကို ပြည်ထောင်စု လွှတ်တော်တင်သွင်းပြီး ၂၁ ရက် အတွင်း အတည်ပြုရမယ်လို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ ပြဌါန်း ထားပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ နာမည်ကို ပြီးခဲ့ ၁ဝ ရက်နေ့က ပြည်ထောင်စု လွှတ်တော် နာယက ဆီကို ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။ ဒီကနေ့ ဆိုရင် ၂၁ ရက် ပြည့်သွားပြီ ဖြစ်ပေမယ့် လည်း ပြည်ထောင်စု လွှတ်တော် ခေါ်တာ မရှိသလို ဒုတိယ သမ္မတကို အတည်ပြုဖို့ မလုပ်နိုင်သေးဘူး ဖြစ်နေပါတယ်။

အစိုးရ အသိုင်းအဝိုင်းက သိရတာ ကတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဒုတိယသမ္မတ အဖြစ် တင်သွင်းထားပေမယ့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ က သတ်မှတ် ထားတဲ့ အရည်အချင်းနဲ့ မညီညွှတ်တဲ့ အတွက် ပယ်လိုက်ပြီး နောက်ထပ် လူသစ်တဦး အမည်ကို ပြည်ထောင်စု လွှတ်တော်ကို ထပ်မံပေးပို့ ထားတယ်လို့ ဆိုပါတယ်။

ဦးမြင့်ဆွေဟာ ဘယ်လိုအချက်တွေနဲ့ မညီညွှတ်သလဲ ဆိုတာကို ဒုသမ္မတ ရွေးချယ်ရေး အဖွဲ့က ထုတ်ဖေါ် ပြောဆိုတာ မရှိပေမယ့်လည်း သူ့ရဲ့မိသားစု ဝင်ထဲမှာ နိုင်ငံခြားသား ခံယူ ထားတဲ့သူ ရှိတယ်ဆိုတဲ့ သတင်းတွေ စောစောပိုင်း တုန်းကတော့ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ ပါတယ်။

အခုလက်ရှိ အချိန်မှာတော့ တပ်မတော်သားများ ကိုယ်စားလှယ် အဖွဲ့ကနေပြီး ရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဒုသမ္မတအဖြစ် အမည် တင်သွင်း ထားတယ်လို့ သိရပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းဟာ ဒီအက်စ်အေ အပတ်စဉ် ၁၆ က ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ