BBC navigation

မီဒီယာ လွတ်လပ်ခွင့် လက်မှတ်ထိုး တောင်းဆို

နောက်ဆုံး ရေးသားချိန် 1 သြဂုတ်လ 2012 - 23:35 GMT
_journal

မြန်မာ့ ဂျာနယ်စျေးကွက်

စာပေစိစစ်ရေး နဲ့ မှတ်ပုံတင် ဌာန က ချမှတ်ထားတဲ့ စည်းကမ်း တချို့ကို ဖေါက်ဖျက် တယ်ဆိုပြီး The Voice နဲ့ Envoy ဂျာနယ်၊ လျှပ်တပြက် ဂျာနယ် တို့ကို ရက်အကန့်အသတ် မရှိ ထုတ်ဝေခွင့် ပိတ်တာရယ်၊ တချို့ ဂျာနယ်တွေ ကို တရားစွဲ တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဖြစ်မြောက်ရေး ကော်မတီ က ကန့်ကွက် လိုက်ပါတယ်။

ပိတ်ထားတဲ့ ဂျာနယ်တွေ ကို အမြန်ဆုံး ပြန်လည် ထုတ်ဝေခွင့် ပြုဖို့လည်း တောင်းဆိုလိုက်ယင်း အချက် ၇ ချက်ပါ တောင်းဆိုချက် ကို မီဒီယာ သမား ၉၂ ယောက် က လက်မှတ်ထိုးပြီး နိုင်ငံတော် သမ္မတ နဲ့ ပြန်ကြားရေး ဝန်ကြီးဆီ ပေးပို့ရေး စီစဉ်နေပါတယ်။

အထက်ပါ အချက် ၇ ချက် အနက် အဓိက ကျတဲ့ အချက်တွေ ကတော့ ပိတ်ထားတဲ့ ဂျာနယ် သုံးစောင် ကို ပြန်လည် ထုတ်ဝေခွင့် ပြုရေး၊ ကျန်တဲ့ ဂျာနယ်တွေ ကိုလည်း တိကျတဲ့ ဥပဒေ မရှိပဲ ပိတ်ပင်ခြင်း မပြုဖို့၊ မီဒီယာ သမားတွေ ပါဝင်ရေးဆွဲခြင်း မရှိတဲ့ မည်သည့် မီဒီယာ ဥပဒေ ကို မဆို လက်မခံ နိုင်တဲ့ အကြောင်း နဲ့ ဖိနှိပ် ချုတ်ချယ်မှုတွေ၊ ကန့်သတ်မှု တွေ ကို တာဝန် အရှိဆုံး ပုဂ္ဂိလ် က ဖြေရှင်းပေးရေး စတာတွေ ပါဝင်ကြောင်း ရွှေဂုံတိုင် တော်ဝင်နှင်းဆီ စားသောက်ဆိုင် ခန်းမ မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲ က တဆင့် တောင်းဆိုမှု ပေါ်ထွက် လာတာပါ။

ဒါ့အပြင် လုပ်ငန်းကော်မတီ တရပ်ကိုလည်း ဖွဲ့စည်းလိုက်တဲ့ အကြောင်း အဆိုပါ လုပ်ငန်းကော်မတီ မှ ပြောရေး ဆိုခွင့်ရှိသူ ကိုဇော်သက်ထွေး က ဘီဘီစီ ကို ရှင်းပြပါတယ်။ဂျာနယ် ၃ စောင် ကို အကန့်အသတ်မရှိ ပိတ်ပင် ရခြင်း အကြောင်းရင်း ကို အတိအကျ မသိရပေမယ့် ထုတ်ပြန်ထားတဲ့ စည်းကမ်းချက် ၄၄ ချက် ကို ဖေါက်ဖျက်ကျူးလွန်တဲ့ အကြောင်းပဲ သိရပါတယ်။

တကယ်လို့ သက်ဆိုင်ရာ က တောင်းဆိုချက် ကို မလိုက်လျောပါက မီဒီယာ သမားတွေ အနေနဲ့ နိုင်ငံရေး သမားတွေ၊ ပြည်သူတွေ နဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှု ပြုမယ် လို့ ကိုဇော်သက်ထွေး က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။