ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အိန္ဒိယ ခရီးစဉ်

  • 2 ဩဂုတ် 2012
Min Aung Hlaing ဓာတ်ပုံ မူပိုင် qdnd
Image caption ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယ နိုင်ငံကို တပတ်တာ အလည် အပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေပါတယ်။

ဒီခရီးစဉ်ကို အိန္ဒိယ ကာကွယ်ရေးဦးစီးချုပ်က ဖိတ်ကြားခဲ့တာဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်ရဲ့ ပထမဆုံး အိန္ဒိယ ခရီးစဉ်လည်း ဖြစ်ပါတယ်။

အိန္ဒိယ ကာကွယ်ရေးဝန်ကြီး၊ ကြည်း၊ ရေ၊ လေ စစ်ဦးစီးချုပ်တွေနဲ့ မြန်မာ ကာချုပ်တို့ တွေ့ဆုံခဲ့ကြပြီး မြန်မာစစ်တပ်ကို သင်တန်းပေး လေ့ကျင့်ရေး၊ စစ်ဘက်ဆိုင်ရာ အထောက်အကူ ပစ္စည်းတွေ ပေးရေးကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ နယ်စပ် လုံခြုံရေးနဲ့ သူပုန်တိုက်ဖျက်ရေး တို့အတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာအစိုးရသစ် တက်လာပြီးနောက် သမ္မတဦးသိန်းစိန်က ၂၀၁၁ အောက်တိုဘာလမှာ အိန္ဒိယကို သွားရောက်ခဲ့သလို၊ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကလည်း ၂၀၁၂ မေလမှာ မြန်မာနိုင်ငံကို သွားခဲ့ပါတယ်။