မြန်မာ ပို့ကုန် အမေရိကန် ဆက်ပိတ်

  • 3 ဩဂုတ် 2012
rangoon
Image caption သုံးနှစ် ဆက်ပြီး မြန်မာကုန် ပို့ခွင့်ပိတ်

မြန်မာ ပို့ကုန် တွေကို ဆက်ပြီး တင်ပို့ခွင့် ပိတ်ပင်ထားဖို့ အမေရိကန် ကွန်ဂရက် လွှတ်တော်က မဲခွဲ ဆုံးဖြတ် ခဲ့ပါတယ်။

ဆီးနိတ် လွှတ်တော်မှာ မဲခွဲ ပြီးရင် သမ္မတ အိုဘားမားက ဥပဒေ အဖြစ် လက်မှတ် ရေးထိုး ထုတ်ပြန်မှာပါ။

ပြည်တွင်း လုပ်ငန်းရှင် တွေနဲ့ မြန်မာ အစိုးရက ဒီဆုံးဖြတ်ချက်ကို ကြိုဆိုမှာ မဟုတ်ပေမယ့် ပိတ်ဆို့မှု တခု ပယ်ဖျက်ပြီးရင် နောက်ထပ် ပြန်ချမှတ်ဖို့ မလွယ်တာ ကြောင့် အခြေအနေ လိုက်ပြီး တဆင့်ချင်း ဆိုင်းငံ့ ရုပ်သိမ်း သွားဖို့ အမေရိကန် ဘက်က လိုလားပုံ ရတယ်လို့ ရန်ကုန်မြို့က စီးပွားရေး သတင်းစာ ဆရာ ဦးသီဟစောက ဆိုပါတယ်။

မြန်မာ ပြည် ပြုပြင် ပြောင်းလဲရေး လိုလားသူ တွေရဲ့ ဆောင်ရွက်ချက် တွေကို အမေရိကန်က အကဲခတ် နေတယ်လို့လဲ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်လ အမေရိကန် ခရီးနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အောက်တိုဘာ ကုလ သမဂ္ဂ အထွေထွေ ညီလာခံ ခရီး တွေက ပိတ်ဆို့မှု တွေ အပေါ် သက်ရောက် နိုင်ပါတယ်။

ဒါပေမယ့် ပြည်တွင်းက ပြုပြင်ရေး တွေကသာ ပိုပြီး အဓိကကျတယ်လို့ Open News ဂျာနယ် အယ်ဒီတာချုပ် ဦးသီဟစောက သုံးသပ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ