အစ္စလာမ် ဘာသာရေး ခေါင်းဆောင်က မြန်မာကို ခြိမ်းခြောက်

  • 3 ဩဂုတ် 2012
ပစ်ဒဏ်ကျခံနေရတဲ့ ဘာသာရေးခေါင်းဆောင် အဘူဘာရှာ ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပစ်ဒဏ်ကျခံနေရတဲ့ ဘာသာရေးခေါင်းဆောင် အဘူဘာရှာ

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို ဆက်လက် ဖိနှိပ်ရင် ဂျီဟတ် ဘာသာရေး စစ်ပွဲတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အင်ဒိုနီးရှား နိုင်ငံက ထောင်ကျနေတဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ အဘူ ဘာကာ ဘာရှာက ခြိမ်းခြောက် လိုက်ပါတယ်။

ဒီလိုပြောကြားတဲ့စာကို သူ့နောက်လိုက်တွေရဲ့ အင်တာနက် စာမျက်နှာမှာ ကြေညာတဲ့အပြင် အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကိုလည်း သောကြာနေ့ နေ့စွဲနဲ့ စာရေးသား ပေးပို့ခဲ့ပါတယ်။

အခုလို ခြိမ်းခြောက်မှုဟာ ဘယ်လောက် လက်တွေ့ကျသလဲဆိုတာနဲ့ ပတ်သက်လို့ ဘီဘီစီ အင်ဒိုနီးရှားဌာန အယ်ဒီတာ Liston Siregar ကတော့ အဘူ ဘာကာ ဟာ ဝါဒစွဲ ပြင်းထန်တဲ့ မွတ်စလင်တချို့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး အခုအခါ ထောင်ကျနေလို့ သူရဲ့ကွန်ယက်ဟာ အရင်ကလောက် ထိရောက်မှုမရှိကြောင်း လူငယ် မွတ်စလင်တွေ ကြားမှာတော့ စိတ်ဝင်စားမှု ရှိနိုင်ကြောင်း တကယ်တမ်း လက်တွေ့ တိုက်ခိုက်ဖို့ ဆိုတာ ပြည်ပမပြောနဲ့ အင်ဒိုနီးရှား ပြည်တွင်းမှာတောင် ဖြစ်နိုင်ပါ့မလားလို့ လူအများက မေးခွန်းထုတ်နိုင်တယ်လို့ ပြောပါတယ်။

အသက် ၇၄ နှစ်အရွယ် အဘူ ဘာကာဟာ အာချေးမှာရှိတဲ့ အကြမ်းဖက်အဖွဲ့ကို ကူညီထောက်ပံ့မှုနဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံနေရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလမ် သာသနာ ရေးရာ ကောင်စီ အဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေကတော့ အစ္စလမ် ဘာသာဝင်အများစုကတော့ အကြမ်းဖက်မှုကို ရှုံ့ချကြောင်း ဥပဒေ စိုးမိုးမှုသာ လိုလားကြောင်း ပြည်တွင်းက အစ္စလာမ်တွေနဲ့ အခုထုတ်ပြန်ချက်တွေ ဘာမှ မပတ်သက်ကြောင်း ဘီဘီစီကို ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ