မီတာ ၄၀၀ အပြေးသမား သက်ဇော်ဝင်းလည်း ပြိုင်ပွဲက ထွက်ပြီ

  • 4 ဩဂုတ် 2012
Image caption ပထမ မီတာ ၁၀၀ လောက်မှာတော့ ရှေ့ကနေ ဦးဆောင် ပြေးနိုင်ခဲ့ပေမယ့်လည်း...

မီတာ ၄၀၀ ပထမ အကျော့ လူရွေးပွဲမှာ တင် မြန်မာနိုင်ငံက သက်ဇော်ဝင်း ပြိုင်ပွဲက ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။

အသုတ် ၇ သုတ်ခွဲပြီး ပြေးရတဲ့ လူရွေးပွဲမှာ သက်ဇော်ဝင်းဟာ တခြား ကမ္ဘာ့ကျော် အပြေးသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

စတုတ္ထအသုတ်မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ သက်ဇော်ဝင်းဟာ ပထမ မီတာ ၁၀၀ လောက်မှာတော့ ရှေ့ကနေ ဦးဆောင် ပြေးနိုင်ခဲ့ပေမယ့် နောက်ပိုင်း မှာတော့ နောက်ကျန် ရစ်ခဲ့ပြီး ပထမ သုံးဦး ပန်းဝင်တဲ့ အထဲမှာ မပါတဲ့ အတွက် ထွက်ခွာ သွားရတာ ဖြစ်ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံကနေ အိုလံပစ်မှာ အမျိုးသမီး မာရသွန် ယှဉ်ပြိုင်ဖို့ မနီလာစန်း တယောက်ပဲ ကျန်ပါတော့တယ်။

မနီလာစန်းဟာ လာမယ့် သြဂုတ်လ ၅ ရက် တနင်္ဂနွေနေ့ ဗြိတိန် နွေရာသီ စံတော်ချိန် မနက် ၁၁ နာရီ မာရသွန်ပွဲမှာ ပြေးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ