ရခိုင်ပြည်နယ်က ကိစ္စတွေ စုံစမ်းဖို့ ကုလသမဂ္ဂပြော

  • 4 ဩဂုတ် 2012
quintana ဓာတ်ပုံ မူပိုင် AP
Image caption ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ မစ္စတာ ကင်တားနား

မြန်မာ နိုင်ငံက ရခိုင်ပြည်နယ် ထဲမှာ ဗုဒ္ဓဘာသာဝင် ရခိုင် တိုင်းရင်းသား တွေနဲ့ မွတ်စလင်တွေ အကြား ဖြစ်ခဲ့တဲ့ အဓိကရုန်း တွေနဲ့ ပတ်သက်လို့ မြန်မာ အာဏာပိုင် တွေကို သေချာစွာ စုံစမ်းစစ်ဆေး မှုတွေ လုပ်သွားဖို့ အတွက် ကုလသမဂ္ဂက တိုက်တွန်း လိုက်ပါတယ်။

ဒီအဓိကရုန်း တွေအတွင်း လူပေါင်း ၈၀ နီးပါး အသက်ဆုံးရှုံး ခဲ့ရပါတယ်။

မြန်မာ နိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားက သူ့ခရီးစဉ် အပြီး ပြောကြားသွား ရာမှာ သူ့အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ကြားခဲ့ရတဲ့ အကြောင်း ပြောပါတယ်။

ဒီ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ ပြီး နောက်ပိုင်းမှာ မြန်မာ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ညှင်းပန်း သတ်ဖြတ်မှုတွေ၊ မတရား ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရတာတွေ ရှိကြောင်း မစ္စတာ ကင်တားနားက ပြောကြား သွားပါတယ်။

မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာတွေ ကို သိရဖို့ ထင်သာမြင်သာတဲ့ စုံစမ်းမှုတွေ လုပ်ဖို့ အလွန်အရေး ကြီးတဲ့ အကြောင်း၊ လူ့ အဖွဲ့အစည်း တွေအတွင်း ချဲ့ကားမှုတွေကြောင့် လျော့နည်းလာတဲ့ ယုံကြည်မှုတွေ ပိုပြီး ကြီးမားလာတဲ့ တင်းမာမှုတွေ ရှိနေသမျှ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင် သွားဖို့ဆိုတာ ဖြစ်လာနိုင်မှာ မဟုတ်တဲ့ အတွက် လွတ်လပ်ပြီး ယုံကြည် စိတ်ချရတဲ့ စုံစမ်းမှုတွေ အရေးတကြီး လုပ်သွားဖို့ သူတောင်းဆိုတဲ့ အကြောင်း တွေကို ပြောကြားသွား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ