ကင်တားနား သတင်းစာ ရှင်းလင်းပွဲ

  • 4 ဩဂုတ် 2012
quintana_rakhine ဓာတ်ပုံ မူပိုင် Reuters
Image caption ကင်တားနား သတင်းစာရှင်းလင်းပွဲ

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား က ရခိုင်ပြည်နယ် မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု တွေနဲ့ ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲ ချက်တွေ ပေါ်ပေါက်ခဲ့ တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေ ကို လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှု အကောင်အထည် ဖေါ်ရေးမှာ မြန်မာ အစိုးရဖက်နဲ့ နိုင်ငံတကာ က ပူးပေါင်းဆောင်ရွက် ဖို့ ပန်ကြားသွားပါတယ်။

ရခိုင်ပြည်နယ်မှာ ဒေသခံ အသိုင်းအဝိုင်း ကြားမှာ မုန်းတီးမှု၊ မယုံကြည်မှု တွေ အမြစ်တွယ်နေတဲ့ အတွက် သူ့အနေနဲ့ အထူး စိုးရိမ်မကင်း တဲ့ အတွက် အစိုးရ အနေနဲ့ သတ္တိရှိရှိ ကိုင်တွယ်တဲ့ ခြေလှမ်း မယူရင် နောက်ထပ် ပိုပြီး ဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရဘွယ် ရှိကြောင်း ကင်တားနား က ရှင်းပြပါတယ်။

အစိုးရ အနေနဲ့ ၁၉၈၂ ခု နိုင်ငံသား အက် ဥပဒေကို ပြန်လည်သုံးသပ် ဖို့ လိုအပ်တဲ့ နေရာမှာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်း အရ အာမခံချက် ရှိဖို့ လိုအပ်ပုံ တွေ ပြောသွားပါတယ်။ အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ လည်း ရိုဟင်ဂျာ မူစလင် တွေ အပေါ် နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု ပေးရေးလည်း တိုက်တွန်းသွားပါတယ်။

ကင်တားနား ရဲ့ သတင်းစာ ရှင်းလင်းပွဲ နဲ့ ပတ်သက်ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ဒေါက်တာအေးမောင် ကတော့ တဖက်သတ် ကျတဲ့ ပြောဆိုမှုတွေ လို့ ဝေဖန်လိုက်ပါတယ်။ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း စစ်တွေမှာ ရခိုင်တွေ နဲ့ တွေ့ဆုံမှု မရှိခဲ့ လို့ ခွဲခြားဆက်ဆံ သလို ဖြစ်နေကြောင်း ဘီဘီစီ ကို ပြောပါတယ်။

၁၉၈၂ ခု မြန်မာနိုင်ငံသား ဥပဒေ ကိုလည်း ကင်တားနား အနေနဲ့ ဝင်ရောက် စွက်ဖက်ခွင့် မရှိဘူး၊ ဒါဟာ မြန်မာနိုင်ငံ ရဲ့ အချုပ်အချာ နဲ့ ပတ်သက်ပြီး ဥပဒေပြဌာန်း ထားတာဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ဒေါက်တာအေးမောင် က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ