ကျောက်တော်မြို့နယ်အတွင်း မီးရှို့မှုတွေဖြစ်

  • 5 ဩဂုတ် 2012
sittwe ဓာတ်ပုံ မူပိုင် AP
Image caption ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့စဉ်က မီးရှို့ ဖျက်ဆီး တာတွေ ဖြစ်ခဲ့ပါတယ်။

မနေ့တုန်းက ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ် အတွင်းမှာ ရှိတဲ့ ဂုပ္ပီထောင့်နဲ့ အပေါက်ဝ ကျေးရွာတွေမှာ မီးရှို့မှု တွေဖြစ်ပွား ခဲ့ပါတယ်။

ဒီမီးရှို့မှု တွေ နဲ့ ပတ်သက်လို့ ရွာခံ တဉီးက ဘီဘီစီကို ပြောပြရာမှာတော့ မြို့ပေါ်က လူတွေက အဲဒီနေရာ တွေကို လိုက်လာ ခဲ့ကြတဲ့ အကြောင်းနဲ့ လုံခြုံရေးတွေက အဲဒီ လိုက်လာခဲ့ကြ သူတွေကို လူစုခွဲခဲ့ တဲ့အကြောင်း တွေကို ပြောပြသွားပါတယ်။

ကျောက်တော် မြို့နယ်ဟာ ရခိုင် အများစု နေထိုင်တဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။ ကျောက်တော် မြို့နယ်မှာသာ မကဘဲ ကျောက်ဖြူ မြို့ဘက်မှာလည်း မီးရှို့ဖို့ ကြံစည်သူတွေကို ဖမ်းမိတဲ့ အကြောင်း သတင်းရရှိ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ