ဒေါ်စုနဲ့ တိုင်းရင်းသား အမတ်တွေ တွေ့ဆုံ ဆွေးနွေး

  • 6 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption တိုင်းရင်းသားတွေက ဗမာတွေက ကြီးစိုးပြီး ခွဲခြား ဆက်ဆံခဲ့ တာတွေကို ပွင့်ပွင့် လင်းလင်း ထုတ်ဖေါ် ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အဲလ်ဒီ အမတ်တွေနဲ့ တိုင်းရင်းသားပါတီတွေက အမတ်တွေ တနင်္လာနေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းရင်းသားတွေနဲ့ တိုင်တိုင်ပင်ပင် ညီညီညွတ်ညွတ် ဆွေးနွေးပြီးတော့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ချင်တဲ့ သဘော ဖြစ်တယ်လို့ အန်အဲလ်ဒီ ပြည်သူ့လွှတ်တော် အမတ် ဦးမြင့်ဦးက ရှင်းပြပါတယ်။

လွှတ်တော်ထဲမှာ ထက်ကို ပြင်ပမှာ ဆွေးနွေးတိုင်ပင်ပြီး ဆောင်ရွက်တာဟာ ပိုပြီးတော့ ထိရောက်မယ်လို့ အန်အဲလ်ဒီက ယုံကြည် လက်ခံတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားတွေ ဘက်ကလည်း တက်လာတဲ့ ကိုယ်စားလှယ် တိုင်းက ဗမာတွေက ကြီးစိုးပြီး ခွဲခြား ဆက်ဆံ ခဲ့တာတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ် ဆွေးနွေးကြတယ်လို့ ဦးမြင့်ဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအတွက် သမိုင်းမှာ တကယ်ဖြစ်ခဲ့တာ ဟာတွေကိုလည်း အမှန်အတိုင်း ပြန်လည် သုံးသပ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုလွှတ်တော်မှာ ဆွေးနွေး နေတဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ဥပဒေမူကြမ်း အတွက်လည်း တိုင်းရင်းသားတွေက ပိုမိုပါဝင် ဆွေးနွေးဖို့ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်း သွားတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ