သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

  • 12 ဩဂုတ် 2012
Image caption ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အကြောင်း အရာ တွေကိုတော့ မသိရပါ

သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းက နေပြည်တော်မှာ ၂ နာရီကြာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲဟာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ သီးသန့်တွေ့ဆုံ ဆွေးနွေးမှု ဖြစ်တယ်လို့ လည်း သိရပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အကြောင်းအရာတွေကိုတော့ မသိရပါ။

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရင်ကလည်း ၂ ကြိမ်တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ဖူးပြီး၊ ပြီးခဲ့တဲ့ ဧပြီလက နောက်ဆုံး တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ