BBC navigation

ပုသိမ် တဝိုက် မိုးကြီး ရေလျှံ

နောက်ဆုံး ရေးသားချိန် 15 သြဂုတ်လ 2012 - 01:54 GMT
flood

ရပ်ကွက် မြေနိမ့်ပိုင်းတွေ ရေမြုပ်

ဧရာ၀တီတိုင်း ပုသိမ်၊ ကန်ကြီးထောင့်နဲ့ ကျောင်းကုန်း မြို့နယ် တွေမှာ ကျေးရွာ တချို့ နဲ့ လယ်ဧက ၆၀၀၀ ကျော် ရေမြုပ် နေပြီး ဒုက္ခသည် ၁၄၀၀ ကျော် ကယ်ဆယ်ရေး စခန်း ရောက်နေ ပါတယ်။

ပုသိမ် မြို့ပေါ် ရပ်ကွက်တွေ မြေနိမ့်ပိုင်းတွေ ရေမြုပ်ပြီး မိုး အဆက်မပြတ် ရွာနေ တာကြောင့်အတော် အခက်ကြုံ နေပါတယ်။

ကန်ကြီးထောင့် မှာတော့ ကယ်ဆယ်ရေး စခန်းကို မိသားစုတွေ ရောက်လာနေ ကြပြီး မိုးဆက်ရွာရင် အခြေနေ ပိုဆိုး နိုင်တယ်လို့ ကန်ကြီးထောင့် မြို့နယ် ဥက္ကဋ္ဌက ဘီဘီစီကို ပြောပါတယ်။

မိုးဆက်ကြီးပြီး တာကျိုးမယ် ဆိုရင် လယ်ဧက ၆ဝ,ဝဝဝ နီးပါး ရေမြုပ်ကုန်မယ်လို့ ဆိုပါတယ်။

အာဏပိုင်တွေဘက်က အစားအသောက် အ၀တ်အထည် စောင် ဆန်ဆီစတာတွေ ဝေငှ ခဲ့ပါတယ်။

တပ်မတော်သား တွေကလဲ လယ်ရေမမြုပ် ရအောင် လယ်သမားတွေနဲ့ အတူ တမံ ပိတ်ပေးနေတယ်လို့ သိရပါတယ်။

ကျောင်းကုန်း မြို့နယ်မှာလဲ ရေကြီးနေသလို ဟင်္သာတ အိမ်မဲ ဘက်မှာလဲ ရေမြုပ် နေပါတယ်။

ပုသိမ် မြေနိမ့်ပိုင်းက ရေမြုပ်နေတဲ့ မိသားစု တွေကို လူငယ်တွေက ကယ်ဆယ်နေ ကြပါတယ်။

ရတားလမ်း ပိတ်ထားပြီး ညဘက် ကားသွားခွင့် မပြုဘဲ ကုန်ပစ္စည်းတွေကို ရေလမ်းက ပြောင်းသယ်ရတယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။