BBC navigation

ကချင်ကို လူ့အခွင့်အရေး ကော်မရှင် လေ့လာ

နောက်ဆုံး ရေးသားချိန် 15 သြဂုတ်လ 2012 - 02:24 GMT
kachin

ဖမ်းမိတဲ့ အရပ်သား ပြည်သူကို ညှဉ်းပန်း စစ်ဆေး

ကချင်ပြည်နယ် မှာ လူ့အခွင့် အရေး ချိုးဖောက်ခံ နေရတယ် ဆိုတဲ့ တိုင်ချက်တွေ အရ အမျိုးသား လူ့ အခွင့် အရေး ကော်မရှင်က လေ့လာရာမှာ အစိုးရ တပ် ရော ကေအိုင်အေ ကပါ လူ့အခွင့် အရေး ချိုးဖောက်နေလို့ ရပ်တန်းက ရပ်ဖို့ တိုက်တွန်းလိုက် ပါတယ်။

ဖမ်းမိတဲ့ အရပ်သား ပြည်သူကို ခန္ဓာကိုယ် ညှဉ်းပန်း စစ်ဆေးတာတွေ ရှိတယ်လို့ အဖွဲ့၀င် နှစ်ယောက်နဲ့ အတူ ကချင်ပြည်နယ်ကို သွားခဲ့တဲ့ ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

အလွန်အကျွံ ရက်စက်တဲ့ ညှဉ်းပန်းမှု တွေ မဟုတ်ပေမယ့် နှစ်ဖက်လုံးက ပြည်သူအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ တွေ့ရတယ်လို့ ဆိုပါတယ်။

အသေးစိတ် တွေ ထုတ်ပြန်ရင် စိတ်လှုပ်ရှား ထိခိုက်မှု တွေ ဖြစ်မှာစိုးလို့ မထုတ်ပြန် သေးဘူးလို့လဲ ဆိုပါတယ်။

၂ဝ၁၁ က တိုင်တာတွေ စစ်ဆေးခဲ့တာ ဖြစ်ပြီး ၂ဝ၁၂ မှာတော့ တိုင်တန်းချက် မရှိဘဲ လျော့ကျ သွားဖွယ် ရှိတယ်လို့လဲ သူက ခန့်မှန်း ပါတယ်။

ကေအိုင်အေ ဘက်က အဓမ္မ စစ်သား စုဆောင်းတဲ့ သက်သေ တွေ့ရပေမယ့် အစိုးရ ဘက်က ပေါ်တာ ဆွဲတာနဲ့ ပတ်သက်တဲ့ တိုင်ချက် မရဘူးလို့ ဆိုပါတယ်။

အနိုင်အထက် စစ်သား စုဆောင်းမှုကိုလဲ မလုပ်ကြဖို့ နှစ်ဘက်လုံးကို ပန်ကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။