BBC navigation

စစ်တွေ ဟိန္ဒူ တွေ မြို့ထဲ ပြန်ခွင့်ရ

နောက်ဆုံး ရေးသားချိန် 16 သြဂုတ်လ 2012 - 01:08 GMT
sittwe

စစ်တွေ ဒုက္ခသည် စခန်းတွေ အနေအထိုင် ဆင်းရဲ

ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်း ဒုက္ခသည် စခန်းက ဟိန္ဒူ မိသားစု ၁၈ စု လူ ၁၀၀ နီးပါးကို မနေ့က မြို့ထဲ ပြန်ရွှေ့ ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်တွေမြို့ အခြေအနေ တည်ငြိမ်လာလို့ ဒုက္ခသည် စခန်းမှာ နေကြတဲ့ ရခိုင်မိသားစု တချို့လည်း အိမ်ပြန်နေ ကြတယ်လို့ သိရပါတယ်။

အဲဒီ ဟိန္ဒူ မိသားစုတွေဟာ အရင်က စစ်တွေ နာဇီရွာ မှာ ရခိုင်၊ မရမာကြီး၊ မွတ်ဆလင် တွေနဲ့ ရောနှော နေထိုင်ခဲ့ကြပြီး ရပ်ကွက် မီးရှို့ ခံရပြီးနောက် မြို့ပြင်က ဒုက္ခသည် စခန်းတွေကို ပြောင်းရွှေ့ ခံရပါတယ်။

မွတ်ဆလင် ဒုက္ခသည်တွေ ခုချိန်ထိ သဲချောင်း ဒုက္ခသည် စခန်းမှာ နေနေကြတုန်း ဖြစ်ပေမယ့် သူတို့အတွက်လည်း အစိုးရ က အစီအစဉ်တွေ လုပ်နေတယ်လို့ ဆိုပါတယ်။

စစ်တွေမှာ အရင်က ညနေ ၆ နာရီက နံနက် ၆ နာရီထိ မထွက်ရ အမိန့် ထုတ်ထားရာ ကနေ အခု ညနေ ၇ နာရီက မနက် ၅ နာရီ ထိ ၂ နာရီ လျှော့ချလိုက် ပါတယ်။

စစ်တွေ အခြေအနေ တည်ငြိမ်လာတဲ့ အတွက် ကျောင်းတွေ၊ ဈေးတွေလည်း ပြန်ဖွင့်နိုင် ခဲ့ပါတယ် ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။