BBC navigation

ဖမ်းထားတဲ့ ကုလဝန်ထမ်း ပြန်လွှတ်

နောက်ဆုံး ရေးသားချိန် 17 သြဂုတ်လ 2012 - 02:47 GMT
sittwe

ဆူပူအောင် လှုံ့ဆော်မှု နဲ့ ကုလ ဝန်ထမ်းတွေ စွပ်စွဲခံရ

ရခိုင် အရေးအခင်း မှာ ပါဝင်တယ် ဆိုပြီး ဖမ်းထားတဲ့ ကုလ သမဂ္ဂနဲ့ နိုင်ငံတကာ အန်ဂျီအို ဝန်ထမ်း ၁ဝ ယောက် ကို မနေ့က စီရင်ချက် ချပြီး အချို့ ပြန်လွှတ် ပေးခဲ့ပါတယ်။

နယ်စည်းမခြား ဆရာဝန် အဖွဲ့ (AZG) က ဦးကျော်လှအောင်နဲ့ ဦးဝင်းနိုင်ကို မနေ့က စစ်တွေ ထောင်က ပြန်လွှတ်ပေး ပါတယ်။

ကုလ သမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးရုံး ဝန်ထမ်း ဦးစောမြင့် ကိုလဲ ဘူးသီးတောင် ထောင်က ပြန်လွှတ် ပေးလိုက်ကြောင်း ဇနီး ဖြစ်သူက ဆိုပါတယ်။

ကုလ သမဂ္ဂ ဝန်ထမ်း ၅ ယောက်၊ AZG နဲ့ ကမ္ဘာ့ စားနပ် ရိက္ခာ အဖွဲ့က တဦးစီကို ဇွန်လ က ဖမ်းဆီး ခဲ့ပါတယ်။

အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ ည၊ ဆူပူအောင် လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ တွေနဲ့ တရားစွဲ ခံခဲ့ရ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။