BBC navigation

ပြည်သူ့ဝန်ဆောင်မှုတွေ ပိုကောင်းလာသလား

နောက်ဆုံး ရေးသားချိန် 16 သြဂုတ်လ 2012 - 16:55 GMT
Myanmar Central Bank

နေပြည်တော် ဗဟိုဘဏ်မှ ဝန်ထမ်းများ အလုပ်လုပ်ကြပုံ

သမ္မတ ဦးသိန်းစိန် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၁၈လ ကြာလာချိန် အခုအခါမှာ အစိုးရဝန်ထမ်း ဒါမှမဟုတ် ပြည်သူ့ဝန်ထမ်းတွေရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုတွေက ကောင်းမွန်တဲ့ဘက်ကို ပြောင်းလဲလာပြီလို့ ထင်ပါသလား။ သမ္မတကိုယ်တိုင်ကတော့ ပြည်သူတွေ ရုံးကနားနဲ့ ဆက်ဆံရတဲ့ ဒုက္ခတွေကို ကြားသိပါတယ်လို့ ပြောထားပါတယ်။ သောတရှင်တွေကရော အရင်စစ်အစိုးရထက်စာရင် ဒီအစိုးရသစ်လက်ထက်မှာ အစိုးရဝန်ထမ်းတွေရဲ့ ပြုမူဆောင်ရွက်ပုံတွေကို ဘယ်လို သဘောရပါသလဲ။ သြဂုတ် ၂၂ ရက်၊ ဗုဒ္ဓဟူးညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

ပါဝင်ဆွေးနွေးကြမယ်ဆို ဘီဘီစီရဲ့ အသံသွင်းတယ်လီဖုန်းနံပါတ် ၀၀၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကို ဆက်သွယ်ပြီး ပြောကြားထားနိုင်ခဲ့သလို၊ ဘီဘီစီရဲ့ အီးမေးလ် Burmese@bbc.co.uk ကိုလည်း ဆက်သွယ်နိုင်ပါတယ်။ တယ်လီဖုန်းနံပါတ်နဲ့ နေထိုင်တဲ့ နိုင်ငံကို ပြောမယ်ဆိုရင် ဘီဘီစီက ပြန်လည်ဆက်သွယ်ပါမယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။