BBC navigation

ရခိုင် ပြဿနာ အင်ဒိုနီးရှား ကူညီ ဖြေရှင်းမယ်

နောက်ဆုံး ရေးသားချိန် 16 သြဂုတ်လ 2012 - 15:43 GMT
Indonesia President Susilo Yudhoyono

အင်ဒို နီးရှား သမ္မတက ရခိုင် အရေး ကူညီဖို့ ဆန္ဒရှိ

အင်ဒိုနီးရှား နိုင်ငံက မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိ ပက္ခ တွေနဲ့ ပတ်သက်ပြီး ကူညီ အဖြေရှာဖို့ ကြိုးစား ဆောင်ရွက် နေပါတယ်။

သမ္မတ ဆူဆီလို ဘန်ဘန်း ယူဒို ယိုနိုက အင်ဒိုနီးရှား နိုင်ငံ လွတ်လပ်ရေးနေ့ အကြို မိန့်ခွန်းမှာ ထည့်သွင်း ပြောခဲ့တာ ဖြစ်ပါတယ်။

ကြာသပတေး နေ့ နေ့လည်ကတော့ သမ္မတ ယူဒို ယိုနိုဟာ မကြာ သေးခင်ကပဲ မြန်မာ နိုင်ငံက ပြန်လာတဲ့ အင်ဒိုနီးရှား ကြက်ခြေနီ အဖွဲ့ ဥက္ကဌနဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာ တွေကို ညီ အကိုလို သဘောထားပြီး စိုးရိမ်တာကို မြန်မာ ဘက်က တမျိုး မထင်ဖို့ ကြက်ခြေနီဥက္ကဌ Jusuf Kalla ကိုဘဲ အထူး သံတမန် အနေနဲ့ အားကိုး ရမှာဖြစ်တယ်လို့ ပြော ပါတယ်။

တဘက် ကလည်း ဗုဒ္ဓဟူး နေ့ကတော့ မက္ကာမြို့မှာ ကျင်းပ ပြီးစီးသွားတဲ့ အိုအိုင်စီ အစ္စလမ်နိုင်ငံများ ထိပ်သီး အစည်းအဝေးမှာ မြန်မာ နိုင်ငံ အရေးနဲ့ ပတ်သက်ပြီး သူတို့ ဘက်က ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတလေ ဂါဝါ Marty Natelegawa က သတင်းထောက် တွေကို ရှင်းပြခဲ့ပါတယ်။

အိုအိုင်စီ အစည်းဝေးမှာ ရခိုင် ပဋိပက္ခနဲ့ ပတ်သက်လို့ စိုးရိမ် ပူပန်တယ်ဆိုတာ ကောလ ဟာလ မဟုတ်ဘဲ တွေ့ရှိချက်တွေ အပေါ် အခြေခံပြီး ပြောခဲ့ ကြောင်းနဲ့ အိုအိုင်စီ အဖွဲ့ထဲမှာ မလေးရှား ဘရူနိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့နဲ့ ပူးပေါင်းပြီး ကယ်ဆယ်ရေး အကူအညီတွေ ပေးဖို့နဲ့ နိုင်ငံ တကာက ရိုဟင်ဂျာတွေဆီ သွားတွေ့ဖို့ အင်ဒို နီးရှားက ဆောင်ရွက် နေတယ်လို့ မာတီ နာတလေ ဂါဝါက ပြောပါတယ်။

အာဆီယံ အဖွဲ့အနေနဲ့ ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန် ပေးဖို့ အင်ဒိုနီးရှား နိုင်ငံက တောင်းဆို တာကို မြန်မာ ဘက်က လက်ခံဖို့ တိုက်တွန်းခဲ့ ပါတယ်။

မြန်မာ နိုင်ငံ ဘက်ကလည်း သဘောတူ လက်ခံ ခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ရိုဟင်ဂျာ ကိစ္စ အာဆီယံက ပူးတွဲ ကြေညာချက် ထုတ်ဖို့ အင်ဒိုနီးရှား နိုင်ငံရဲ့ သံတမန်ရေး ကြိုးပမ်းမှု အဖြေထွက်တဲ့ သဘော လို့ လည်း ပြော ပါတယ်။

အိုအိုင်စီက ပြုလုပ်တဲ့ အစည်း အဝေးမှာ ဒီပြဿနာကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြမယ် လို့လည်း ဆုံးဖြတ်ကြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။