BBC navigation

လွှတ်တော်အမတ် ဆရာဝန် ဆမ လျှောက်ခွင့်ကျရေး

နောက်ဆုံး ရေးသားချိန် 20 သြဂုတ်လ 2012 - 01:03 GMT
surgery

ဆရာဝန်အတတ်ပညာ နဲ့ ဆေးကုခွင့်

နိုင်ငံရေး ပြစ်မှု နဲ့ စွဲချက် အတင်ခံရအပြီး ထောင်ဒဏ်ကျတဲ့ ရှေ့နေတွေ အကျဉ်း က လွတ်မြောက်လာတဲ့ အခါမှာ ရှေ့နေ လိုင်စင် ပြန်ပေးမယ့် သတင်း ထွက်လာအပြီး မှာ အလားတူ ထောင်က လွတ်လာသူ ဆရာဝန်တွေ ကိုလည်း မြန်မာနိုင်ငံ ဆေးကောင်စီမှာ စုံစမ်းနိုင်တဲ့ အကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က တဆင့် သတင်းထွက်ပါတယ်။

လက်ရှိ ကျောက်ပန်းတောင်းမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် က ၁၉၉ဝ ပြည့် ရွေးကောက်ခံ အမရပူရမြို့နယ် NLD အမတ် အနေနဲ့ နှစ်ရှည် ထောင်ကျခဲ့ အပြီး ၂၀၀၉ ခု နှစ်မှာ လွတ်လာခဲ့ပုံ၊ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် မှာ ဆေးကုသခွင့် ဆမ ကို ပြန်လည်ထုတ်ပေးမယ်၊ ဒါပေမယ့် နိုင်ငံရေး နဲ့ ကင်းရှင်းကြောင်း၊ နိုင်ငံရေး မလုပ်တော့ပါဘူး လို့ လက်မှတ် ထိုးမှ ဆမ ပြန်ရမယ် လို့ ကျန်းမာရေး ဝန်ကြီးဌာန က ပြောပုံ ကို ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒေါက်တာ ဇော်မြင့်မောင် ဘက်ကလည်း နိုင်ငံရေးပဲ လုပ်မယ်၊ လက်မှတ်လည်း မထိုးနိုင်ဘူးပြောပြီး ဆမ မလျှောက်တော့ကြောင်း ပြောပါတယ်။ အခုလို လိုင်စင်ပြန်ပေးရေး အပိုင်းမှာ အချိန်ဆွဲ တဲ့ လုပ်နည်း လုပ်ဟန်ဟာ ဒီမိုကရေစီ စနစ် နဲ့ မကိုက်ညီပုံ ကို ဘီဘီစီ ကို ရှင်းပြပါတယ်။

တကယ်တော့ ကိုယ်တတ်ထားပြီးသား အတတ်ပညာ နဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ဟာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီမှာ လွှတ်တော်တွင်း တောင်းခံမှု ရှိခဲ့လို့ ခွင့်ပြုမယ် ဆိုတဲ့ ဖြေကြားချက် ကြားခဲ့ရ ပုံပါ ဒေါက်တာ ဇော်မြင့်မောင် က ဘီဘီစီ ကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။