BBC navigation

ပအိုဝ်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်

နောက်ဆုံး ရေးသားချိန် 22 သြဂုတ်လ 2012 - 01:58 GMT
aung min

ဦးအောင်မင်း ကော်မတီနဲ့ လူမျိုးစုများ အပစ်ရပ် ဆွေးနွေးခဲ့

လက်နက်ကိုင် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နဲ့ အစိုးရအဖွဲ့ ရက်ပိုင်း အတွင်း ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ၊ ရှမ်း ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် တွေနဲ့ တောင်ကြီးမှာ ပဏာမ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

PNLO ဘက်က အထွေထွေအတွင်းရေးမှူး ခွန်မြင့်ထွန်း ဦးဆောင် ဆွေးနွေးမှာ ဖြစ်ပြီး ဒုတိယ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်သူရိန်နဲ့ အဖွဲ့၀င် ၁၀ ယောက်တို့ ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

ရထား ၀န်ကြီး ဦးအောင်မင်းနဲ့ PNLO ထိုင်းနိုင်ငံ ဘန်ကောက်မှာ အလွတ်သဘော တွေ့ဆုံတုန်းက PNLO က တင်ပြတဲ့ အချက် ၇ ချက်ပေါ်ကိုပဲ အခြေခံ ဆွေးနွေး ကြမှာပါ။

အချက် ၇ ချက် ကတော့ သူတို့ တပ်သားတွေ အခြေချ လုပ်ကိုင် စားသောက်ရေး၊ တပ်ဖွဲ့ အခြေစိုက် နယ်မြေ သတ်မှတ်ရေးကိစ္စ တွေပဲ ဖြစ်ပါတယ်။

PNLO အခြေချဖို့ တောင်းဆို ထားတဲ့ နေရာတွေ ကတော့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း ဌာနချုပ် သတ်မှတ်ထားတဲ့ ရှမ်းပြည် တောင်ပိုင်း ဟိုမိန်း မြို့နယ်ခွဲ တောင်ဘက် ခြမ်းနဲ့ ရှမ်း-ကယား နယ်စပ်က မောက်မယ် မြို့နယ် အနောက်တောင်ခြမ်း တွေပဲ ဖြစ်ပါတယ်။

အဲဒီ ဒေသဟာ ခွန်ဆာ လက်ကျန် SSS ၊ ၀ အမျိုးသား၊ SSA စုစုပေါင်း ၄-၅ ဖွဲ့လောက် လှုပ်ရှားနေတဲ့ ဒေသ ဖြစ်ပါတယ်။

ဒီအချက်အပေါ် သဘောတူ လက်မှတ်ထိုး နိုင်ခဲ့မယ် ဆိုရင် PNLO ဆက်ဆံရေးရုံး တွေ တောင်ကြီးနဲ့ မွန်ပြည်နယ် သထုံမှာ ဖွင့်ဖို့ ရွေးထားတယ်လို့ ဥက္ကဋ္ဌ ခွန်ဥက္ကာက ပြောပါတယ်။

ပန်ဝါ တရုတ် နယ်စပ်က ကချင် လွတ်မြောက်ရေး တပ်မတော် စခန်းကို မြန်မာ အစိုးရ တပ်က တနင်္လာ နေ့က တိုက်ခိုက်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။