BBC navigation

NDF ပါတီမှ မြေယာသိမ်း ဖြေရှင်းရေးစီစဉ်

နောက်ဆုံး ရေးသားချိန် 23 သြဂုတ်လ 2012 - 02:44 GMT
_bbc_farm

လယ်သမားပိုင်လယ်မြေ

အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ က နိုင်ငံတဝန်း မြေယာ အသိမ်းခံနေ ရမှု ကိစ္စတွေ ကို ဖြေရှင်း ပေးနိုင်ဖို့ အတွက် ကော်မတီ တရပ် ဖွဲ့စည်းပြီး ဆောင်ရွက်ယင်း သြဂုတ်လ ၂၂ ရက်နေ့ က ကော်မတီဝင်တွေ စုံညီအစည်းအဝေး ခေါ်ယူပါတယ်။

နှစ်ရှည် ထိခိုက် နစ်နာ နေကြတဲ့ လယ်သမားတွေ၊ လယ်ယာမြေ ပြဿနာ၊ လယ်သမား အခွင့်အရေး ဆုံးရှုံး နေမှု တွေကို ပြန်ရအောင် ကြိုးပမ်း မယ့် အကြောင်း၊ NDF ပါတီက တောင်သူ လယ်သမား ရေးရာ လုပ်ငန်း ကော်မတီ တာဝန်ခံ ကိုကျော်သူရ က ဘီဘီစီ ကိုပြောပါတယ်။

မြေသိမ်း ယာသိမ်း ကိစ္စဟာ အရင် ကတည်း က ရှိပေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်းမှာ လယ်သမား ရေးရာ ကော်မတီ ပေါ်ပေါက်ခဲ့လို့ လွှတ်တော်တွင်း၊ လွှတ်တော် ပြင်ပ လုပ်နိုင်ရေးမှာ ချိတ်ဆက်မှု အားနည်းခဲ့တာ ကိုလည်း ကိုကျော်သူရ က ရှင်းပြပါတယ်။

အခုတော့ လွှတ်တော်တွင်းမှာ တနှစ်သက်တမ်း ရှိတဲ့ ကော်မတီ တရပ် ဖွဲ့စည်းပေး ထားတဲ့ အတွက် လယ်ယာမြေ ပြဿနာ၊ ဖြေရှင်းပေးရေး လမ်းစပေါ်လာ ပုံလည်း ပြောပါတယ်။

မြေယာ ပြဿနာ ဆုံးရှုံးမှု အနေနဲ့ အမှုပေါင်း ၅ဝ ခန့် ရှိပုံ၊ ကချင် ပြည်နယ် ဟူးကောင်း ဒေသမှာ ဆိုရင် ယုဇန ကုမ္ပဏီ က သိမ်းမြေဟာ ဧက နှစ်သိန်း ကျော် ရှိသလို ဧကပေါင်း ရာ နဲ့ ထောင်နဲ့ ချီတဲ့ လယ်မြေတွေ အသိမ်းခံ ရတာလည်း ရှိပါတယ်။

NDFကော်မတီ က လုပ်ပေးမယ့် ပုံစံ ကတော့ မိမိ တို့ဒေသ မှာ ပြဿနာ ဖြစ်နေတာကို NDFကော်မတီ မှ တဆင့် လွှတ်တော် ကော်မတီဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ် တွေ ကွင်းဆင်း လေ့လာ နိုင်တဲ့ အထိ အချက် အလက် စုဆောင်း ပေးယင်း နိုင်ငံတော် ဒါမှမဟုတ် တပ်မတော်၊ စီးပွားရေး လုပ်ငန်းရှင် စသဖြင့် သိမ်းပိုက် ထားခဲ့ရင် ညှိနှိုင်းဖြေရှင်း ပေးမယ့် အကြောင်း NDF ပါတီက တောင်သူ လယ်သမား ရေးရာ လုပ်ငန်းကော်မတီ တာဝန်ခံ ကိုကျော်သူရ က ဘီဘီစီ ကိုပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။