BBC navigation

ရခိုင်ပဋိပက္ခ ပြည်တွင်းရေးသာဖြစ်

နောက်ဆုံး ရေးသားချိန် 22 သြဂုတ်လ 2012 - 11:27 GMT

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ နိုင်ငံ တနိုင်ငံရဲ့ ပြည်တွင်းရေးသာ ဖြစ်ပြီး၊ နိုင်ငံတကာ ပြဿနာ တရပ်အနေနဲ့ ပုံဖေါ် နေမှုတွေကို လက်ခံမှာ မဟုတ် ကြောင်း မြန်မာ နိုင်ငံ ခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန် လိုက်သည်။

ရခိုင်ပြည်နယ် ဖြစ်စဉ်မှာ ရာဇဝတ်မှု တခုကို အကြောင်းပြုပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုများသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ပသတင်း မီဒီယာတွေနဲ့ အဖွဲ့အစည်းတွေက ဒီကိစ္စ အပေါ် မဟုတ်မမှန် ပုံကြီးချဲ့ သတင်း ထုတ်ပြန် နေမှုကြောင့်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကနေ သတင်း ထုတ်ပြန်မှုတွေ လုပ်ခဲ့ ရတာလို့ အဲဒီ ကြေညာချက် ထဲမှာ စွပ်စွဲ ထားပါတယ်။

HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှဒေသဆိုင်ရာ အမှုဆောင် ညွှန်ကြားရေးမှူး Brad Adams ကတော့ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ အနေနဲ့ ကြေညာချက် ထုတ် ပြန်တဲ့ နေရာမှာ အချက်အလက်တွေကို အသေအချာ လေ့လာသုံးသပ်ပြီး မှ ထုတ်ပြန်တာလို့ ဆိုပါတယ်။

ရခိုင်ဒေသ အကြမ်းဖက်မှု တွေနဲ့ ပတ်သက်ပြီး မြန်မာ လုံခြုံရေးတွေက ကြိုတင် တားဆီးနိုင် ရဲ့သားနဲ့ မတားဆီးခဲ့ဘူးလို့ HRW က စွပ်စွဲခဲ့ဘူး ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။