BBC navigation

သာပေါင်း ရေဘေး အခြေအနေ

နောက်ဆုံး ရေးသားချိန် 24 သြဂုတ်လ 2012 - 02:02 GMT
flood

ဖြစ်ရိုး ဖြစ်စဉ် ဆိုပေမယ့် ရေဘေး အခြေအနေ ဆိုး

သာပေါင်း မြို့နယ်မှာ ရွာ လေးရာ လောက် ရှိတဲ့ အနက် ၃ဝ၅ ရွာ မှာ ဝါးတပြန် လောက် ရေမြုပ် နေတာ တလ ရှိနေပြီလို့ သွားရောက် ကူညီသူ တွေက ဆိုပါတယ်။

ဖြစ်ရိုး ဖြစ်စဉ် ရေကြီးမှုလို့ အစိုးရ ဘက်က ဆိုပေမယ့် အခြေအနေ ဆိုးတယ်လို့ မြန်မာ့ လူမှု ဘဝ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက်က ကိုနေမျိုးဇင်က ပြောပါတယ်။

မျိုးစပါးနဲ့ ဝမ်းစာ စပါးတွေ ရေစို ပျက်စီး ကုန်လို့ အခြေခံ လူတန်းစား တွေ အခက်ကြုံ နေပြီး ဆန်ပြုတ်သောက် ငါးမျှားစား နေရတယ်လို့ သိရပါတယ်။

အိမ်ခေါင်မိုး တွေပေါ်မှာ ကလေးတွေကို လင့်စင်ထိုး တင်ထားရ တာမို့ ချိနဲ့ နေတာ တွေ့ရပါတယ်။

ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့က သင်္ဘောနဲ့ သာပေါင်းထိ ရိက္ခာ လာချပေမယ့် အစိုးရ အကူအညီတော့ မမြင်ရ သေးဘူးလို့ ကိုနေမျိုးဇင်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။