BBC navigation

သမ္မတ သဝဏ်လွှာ အငြင်းပွားမှု

နောက်ဆုံး ရေးသားချိန် 24 သြဂုတ်လ 2012 - 15:25 GMT
President

ရခိုင် အရေး သမ္မတ သဝဏ်လွှာ အပေါ် အငြင်းပွား

ရခိုင် ပြည်နယ်က အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်ကနေ မှတ်တမ်းတင်ဖို့ အတွက် သမ္မတဦးသိန်းစိန်က သဝဏ်လွှာနဲ့ အတူ သတင်း သုံးသပ်ချက် ကိုပါ ပူတွဲ ပေးပို့ခဲ့ရာမှာ ရခိုင် တိုင်းရင်းသား လွှတ်တော် အမတ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။

သမ္မတ ပေးပို့တဲ့ အထဲမှာ သဝဏ်လွှာနဲ့အတူ ရခိုင်တိုင်းရင်းသားတွေ ၊ သံဃာတွေ၊ လူပုဂ္ဂိုလ် တချို့တို့ဟာ လူမျိုးရေး မုန်းတီးမှု ဖြစ်ပေါ်အောင် သွေးထိုးလှုံ့ ဆော်မှု တွေရှိကြောင်းလည်း ပါဝင်တဲ့ အတွက် အဲဒီအချက်ကို ရခိုင် အမျိုးသား လွှတ်တော် အမတ်တွေက ကန့်ကွက် ကြတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဇော်ဌေး ကို ဘီဘီစီက မေးမြန်းရာမှာ ပထမပိုင်း သဝဏ်လွှာကသာ သမ္မတရဲ့ သဘောထား ဖြစ်ပြီး သတင်းသုံးသပ်ချက်ဟာ ပြည်ထောင်စု လွှတ်တော် နာယက သိရှိပြီး မှတ်တမ်းတင် ထားနိုင်ဖို့သာ ပေးပို့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတက မှတ်တမ်းတင်ဖို့ ပေးပို့တယ် ဆိုတာဟာ သမ္မတက လက်ခံယုံကြည်လို့ မှတ်တမ်းတင်ခိုင်းတာပဲ မဟုတ်ဘူးလားလို့ ဘီဘီစီက မေးမြန်းတာကိုတော့ ဗိုလ်မှူးဟောင်း ဇော်ဌေးက ငြင်းဆိုသွားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။