BBC navigation

ရခိုင်ကိစ္စ NGO ဝန်ထမ်းကို ထောင် ၆ နှစ်ချ

နောက်ဆုံး ရေးသားချိန် 25 သြဂုတ်လ 2012 - 00:23 GMT
UNHCR

ရခိုင်ပဋိပက္ခကြောင့် ဖမ်းထားတဲ့ UNHCR ဝန်ထမ်းတချို့ကိုတော့ ပြန်လွှတ်ပေးခဲ့

ဇွန်လဆန်းက ဖြစ်ခဲ့တဲ့ ရခိုင် ပဋိပက္ခမှာ ပါဝင်တယ် ဆိုပြီး ဖမ်းထားတဲ့ အထဲက နိုင်ငံတကာ ပရဟိတအဖွဲ့တစ်ခုက ဝန်ထမ်း မချိုလေးမာကို ထောင်ဒဏ် ၆ နှစ် ချမှတ် လိုက်တယ်လို့ သိရပါတယ်။

သူနဲ့ အတူ တခြားဖမ်းထားတဲ့ ဘူးသီတောင်က မောင်ခင်ရွှေနဲ့ မောင်ခင်ဇော် တို့ကိုလည်း ထောင်ဒဏ် ၃ နှစ် နဲ့ ၂ နှစ် အသီးသီး ချမှတ်လိုက်ပါတယ်။

မောင်တောခရိုင် တရားရုံးကနေ စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပြီး သူတို့ကို ထောင်ချခဲ့တဲ့ အမှုတွေထဲမှာ ဆူပူအောင် လှုံဆောင်မှုလည်း ပါဝင်တယ်လို့ မောင်တော ဒေသခံတွေက တဆင့် သိရပါတယ်။

မကြာခင် ရက်ပိုင်းတွေကတော့ တခြား ဖမ်းထားတဲ့ ကုလ သမဂ္ဂ နဲ့ နိုင်ငံတကာ NGO ပရဟိတ ၀န်ထမ်း တချို့ကို လွှတ်ပေးခဲ့ တာလည်း ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။