BBC navigation

ခုံရုံး ဆုံးဖြတ်ချက် မှားကြောင်း ပြည်ထောင်စု လွှတ်တော် ဆုံးဖြတ်

နောက်ဆုံး ရေးသားချိန် 27 သြဂုတ်လ 2012 - 16:00 GMT

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းညွှန့်တို့ ကတော့ ညှိနှိုင်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မရှင် ကော်မတီတွေဟာ ပြည်ထောင်စု အဆင့် မဟုတ်ဘူးလို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ခဲ့တာဟာ မှာယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ တနင်္လာနေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက် ပါတယ်။

ဖွဲ့စည်းပုံ ခုံရုံးက လုပ်ပိုင်ခွင့် မရှိတာကို လုပ်တယ်ဆိုတဲ့ အဆိုကို ပျော်ဘွယ်မြို့နယ်က လွှတ်တော် အမတ် ဦးမြင့်စိုးက တင်သွင်း ထားတာ ဖြစ်ပြီး တပ်မတော်သား အမတ် ၃ ဦး အပါ အဝင် အမတ် ၂ဝ ကျော် ပါဝင် ဆွေးနွေးခဲ့ ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းညွှန့်တို့ ကတော့ ညှိနှိုင်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ တပ်မတော်သား အမတ်တွေက ဖွဲ့စည်းပုံ ခုံရုံးက ဆုံးဖြတ်ချက် မှန်တယ်လို့ ဆွေးနွေး ပါတယ်။

အဲဒီလို ဆွေးနွေးပြီးနောက် ခုံရုံးက မှားယွင်းတယ် ဆိုတဲ့ အဆိုကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့တာ ဖြစ်တယ်လို့ လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။

ဖွဲ့စည်းပုံ ခုံရုံးအနေနဲ့ မှားယွင်းကြောင်း ကြေညာချက် ထုတ်မယ် ဆိုရင်တော့ ခုံရုံး တာဝန်ရှိသူတွေကို ထုတ်ပယ်တာမျိုး မလုပ်ဘဲ လိုအပ်တာတွေကို ပြန်လည် ပြုပြင်ဖို့ လုပ်နိုင်ပါတယ်။ တကယ်လို့ ခုံရုံးက မဝန်ခံဘူး ဆိုရင်တော့ ပြစ်တင်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ဒါဟာလည်း ဖွဲ့စည်းပုံရဲ့ အားနည်းချက် ဖြစ်နေတာကြောင့် ဘယ်လို ဆက်လုပ် မလဲ ဆိုတာ ကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။