BBC navigation

အမေရိကန်မှ မြန်မာကျောင်းသားခေါင်းဆောင်တွေ ဗီဇာရ

နောက်ဆုံး ရေးသားချိန် 28 သြဂုတ်လ 2012 - 02:16 GMT
_bbc_hag

မြန်မာနိုင်ငံ ဝင်ခွင့်ရ ကျောင်းသားခေါင်းဆောင် အုပ်စုဝင် ကိုထွန်းအောင်ကျော်

အမေရိကန် အခြေစိုက် ကျောင်းသား ခေါင်းဆောင် အုပ်စု ၇ ဉီး မြန်မာနိုင်ငံ ဝင်ခွင့်ဗီဇာ ကို ဝါရှင်တန် မြန်မာသံရုံးမှ ခွင့်ပြုလိုက်ပြီ ဖြစ်တဲ့ အတွက် လာမယ့် စက်တင်္ဘာလ လဆန်းမှာ ရန်ကုန်မြို့ ကို သွားကြမှာပါ။

မြန်မာနိုင်ငံ ကို သွားကြမယ့် ကျောင်းသား ခေါင်းဆောင် တွေကတော့ ကိုမိုးသီးဇွန်၊ ကိုထွန်းအောင်ကျော်၊ ကိုကိုလေး၊ ကိုမူးသာ၊ ကိုရင်အေး၊ ကိုရွှေဇင် နဲ့ ကိုကိုအောင် တို့ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ပြည်တော်ပြန် ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု တွေ ပေါ်ပေါက်စ ဖြစ်လာတဲ့ အတွက်၊ ပြည်သူတွေ ရဲ့ လိုအပ်ချက်တွေ ကို တတ်စွမ်းသရွေ့ ဖြည့်ဆည်း ပေးရအောင်ရယ်၊ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ကမ္ဘာ့ အဆင့်မီ နိုင်ငံတော် တည်ဆောက်ရေး အတွက် အချက်အလက် ရှာဖွေ ကြမယ့် ခရီးစဉ် လို့ ကိုထွန်းအောင်ကျော် က ဘီဘီစီ ကို ပြောပါတယ်။

ပြည်တွင်းမှ ဂဂ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ကလည်း၊ ပြည်ပ မှ ကျောင်းသားခေါင်းဆောင်တွေ၊ မြန်မာနိုင်ငံဆီကို သိက္ခာ ရှိရှိနဲ့ ဝင်ရောက်နိုင်ရေး အတွက် ကြိုးပမ်း ပေးတဲ့ အကြောင်း ကိုထွန်းအောင်ကျော် က ရှင်းပြပါတယ်။

အခုအချိန်မှာလည်း နိုင်ငံတော် သမ္မတ ဉီးသိန်းစိန်က အစိုးရ ကက်ဘိနက် အဖွဲ့ အတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာန တွေနဲ့ သင့်တော်သူ တွေ ကို ပြောင်းလဲ ခန့်အပ်တာတွေ ကို ကြည့်ရင် နိုင်ငံ အပေါ် တကယ်စေတနာ ရှိသူတွေ နေရာပေးတယ် လို့ ယူဆနိုင်သလို ကျောင်းသားခေါင်းဆောင် အုပ်စု အနေနဲ့ လည်း အစိုးရ ခေါင်းဆောင်ပိုင်းတွေ ထဲက သမ္မတ အပါအဝင် ဝန်ကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ ဒီမိုကရေစီ အင်အားစု တွေ နဲ့ပါ တွေ့ဆုံ ဆွေးနွေးခွင့် ရမယ် လို့ မျှော်လင့် ထားကြောင်းလည်း ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။